Chapter 46 : ဆက်သွယ်ခြင်း

4.8K 995 11
                                    

Chapter 46 : ဆက်သွယ်ခြင်း

​လောင်ထန်းရဲ့ မှန်းဆချက်က ရှဲ့စန်းရဲ့ စိတ်ကို တုန်လှုပ် သွားစေခဲ့သည်။ သူ အနီရောင်စွမ်းအင်ကို ချက်ချင်း တွေးမိလိုက်သည်။ သူ့စိတ်ထဲက​နေ အက်ဒမ်ကို ​ခေါ်လိုက်သည်။ 

အက်ဒမ်က ချက်ချင်း ဆိုသလို တုံ့ပြန်လိုက်ပြီး သူ့အသံက စိတ်လှုပ်ရှား​နေသည်

(“အားးးးးး! ငါ ခံစားလို့ ရတယ်! အရှေ့မြောက်ဘက် ကို ဦးတည်​နေတယ်။ အရမ်း နီးနေပြီ!")

ရှဲ့စန်း က မြေပုံကို လှမ်းကြည့်လိုက်ပြီး မိုင်နဲ ကို “တိုက်ပွဲ ဖြစ်​နေတာက ဘယ်လမ်းလဲ” ဟု မေးလိုက်သည်။

"အရှေ့မြောက်"

ရှဲ့စန်း နှုတ်ခမ်း သပ်လိုက်သည်။ အဲဒါဆို ဒီပြောင်းလဲမှု​တွေ က အနီရောင် စွမ်းအင်နှင့် ဆက်စပ်နေမည် ဟု ထင်ရသည်။

("တိရစ္ဆာန်တွေ အပေါ် အနီရောင် စွမ်းအင်ရဲ့ အကျိုးဆက်တွေ က ဘာတွေလဲ") ရှဲ့စန်း က အက်ဒမ် ကို စိတ်ထဲတွင် မေးလိုက်သည်။

အက်ဒမ်က (“အနီရောင် စွမ်းအင်ရဲ့ အဓိက မီး​လေ။ စွမ်းအင် က ကြီးစိုးနိုင်ပြီး အားကောင်းတဲ့ အတွက် တိရစ္ဆာန်​တွေရဲ့ သဘော သဘာဝ က ပိုပြီး အားကောင်းလာလိမ့်မယ်။ သူတို့ အနီရောင် စွမ်းအင်ကို ခံစားမိရင်၊ ချဉ်းကပ်ဖို့ အစပျိုး လုပ်ဆောင်လာလိမ့်မယ်။ အသိဥာဏ် မရှိတဲ့ တိရစ္ဆာန်​တွေ​တောင် အရမ်း နီးကပ်​နေခဲ့ရင် အသိဥာဏ် ရှိလာလိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ စွမ်းအင် ငါးခုစလုံး က ဉာဏ်ရည်ထက်မြက်တဲ့ တိရစ္ဆာန်​တွေအတွက် အရမ်း ကောင်းမွန်​​စေမယ့် သဘာဝ စွမ်းအားတွေ ပါ၀င်နေတယ် ဆို​ပေမယ့်၊ စွမ်းအင်ရဲ့ ပြင်းထန်မှုကို မခံနိုင်ဘူးဆိုရင်…”)

ရှဲ့စန်း တိုက်ခိုက်နေသော သားရဲများကို ကြည့်လိုက်သည်။ (“ဒုက္ခဖြစ်​စေပုံ ရတယ်။ တော်တော် များများ က ရန်ဖြစ်နေကြတယ်”)

အက်ဒမ်ရဲ့ အသံသည် အား​လျော့သွားကာ (“ငါ ဒီလိုဖြစ်​စေဖို့ မရည်ရွယ်ပါဘူး။ အနီရောင် စွမ်းအင် ကို ငါပြန်ယူလိုက်တာ နဲ့ အနီရောင်စွမ်းအင်ရဲ့ သက်ရောက်မှုတွေ ပျောက်သွားမှာပါ”)

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now