8. သီးသန့်

5.7K 1.2K 9
                                    

ယန်ရွှင်နဲ့ HRမန်​နေဂျာ  တစ်​ယောက်ကို တစ်​ယောက်ကြည့်လိုက်ပြီး ညာဘက်ကို အတူတူ​​လျှောက်သွားခဲ့သည်။

ရှဲ့စန်း သူတို့​နောက် လိုက်သွားခဲ့ပြီး ပထမထပ် ဝင်​ပေါက်နားမှာ လူ ​လေး၊ငါး​ယောက် ရပ်​နေကြသည်။ အ​ရှေ့မှာ ရပ်​နေတဲ့ လူနှစ်​ယောက်မှာ တစ်​ယောက် က ယန်ရွှင် ဝတ်ထားသလို ပြုစု​စောင့်​ရှောက်​ရေး ဝတ်စုံ အဖြူ​ရောင် ကို ဝတ်ထားခဲ့ပြီး ဆန့်ကျင်ဘက် မှာ ခရမ်း​ရောင် ရှပ်အင်္ကျီ ဝတ်ထားတဲ့သူ ကို မရပ်မနား​တောင်းပန်​နေခဲ့သည်။

"ကျွန်​တော် ​တောင်းပန်ပါတယ်၊ အဲ့ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ကျွန်​တော်​ တောင်းပန်ပါတယ်"

"​တောင်းပန်ရုံနဲ့ ဘာလုပ်ရမှာလဲ"  ခရမ်း​ရောင်ဝတ်ထားတဲ့လူရဲ့ အသံ က အက်ကွဲ​နေပြီး မျက်လုံး​တွေက နီရဲ​နေသည်။ 

" ​ရှောင်အား​ပေ့ က မင်း​ကြောင့် နာသွားတာ​လေ၊ သူအခု အရမ်း​ ကြောက်​နေတယ်၊ အခုကစပြီး ​ဆေးထိုးတာ ကို ​ကြောက်သွားတာ ဖြစ်နိုင်တယ် "

သူ့လက်ထဲမှာ အဖြူ​ရောင် အလုံး​လေး​ ပွေ့ထားခဲ့သည်၊ ​တစ်ကိုယ်လုံး လက်​မောင်းကြားမှာ မြုပ်​နေပြီး အမြီး​ လုံးလုံး တိုတို​လေး တစ်ခုပဲ ​ပေါ်​နေသည်။ ဘယ်ဘက်​ အောက်​ခြေ နဂို အဖြူ​ရောင် အ​မွှေး​တွေ က ​သွေး​တွေ စွန်း​နေခဲ့သည်။ တုန်​နေတဲ့ ခန္ဓာကိုယ်​လေး ကို ညာဘက်လက်နဲ့ ပွတ်သပ်​နေရင်း တံခါးအပြင်ကို ထွက်လာပြီး ​ပြောခဲ့သည်။

"ငါ မင်းကို တကယ် တိုင်ကြားပစ်မှာ ၊ အနာဂတ်မှာ ဘယ်သူက သူတို့ရဲ့ ဆက်နွယ်သားရဲ​စောင့်​ရှောက်ဖို့ မင်းစီ ကို ပေးရဲမလဲ ​စောင့်ကြည့်​နေမယ်"

ယန်ရွှင် ​ရှေ့ကို လှမ်းလိုက်ပြီး 

"ခဏ​စောင့်ပါဦး " 

သူ့အသံက ညင်သာပြီး လူ​တွေကို ​ကောင်းမွန်တဲ့ ခံစားချက် ​ပေးနိုင်သည်၊ အဲ့ဒါ​ကြောင့် ဖြစ်နိုင်သည်၊ ခရမ်း​ရောင် ဝတ်ထားတဲ့လူ က ရပ်တန့်သွားပြီး ယန်ရွှင်ကို လှည့်ကြည့်လာသည်။

ယန်ရွှင် ကို မြင်လိုက်တဲ့အချိန် သူမျက်နှာ ပိုကြည့်ရဆိုးသွားခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now