Chapter 48 :ထွက်ခွာခြင်း

5.4K 975 19
                                    

Chapter 48 :ထွက်ခွာခြင်း

ရှဲ့စန်း အက်ဒမ်၏ စကားကြောင့် စိတ်မလှုပ်ဘဲ မ​နေနိုင်ပေ။ 'သူ ဒီကောင်ကြီးတွေနဲ့ ဆက်သွယ်လို့ရတယ်' တွေးကြည့်ရုံနဲ့တင် အံ့သြစရာ ကောင်း​နေသည်။

ဒါကို သူစဉ်းစားလိုက်တော့ ကြံ့ပျံရဲ့ အသံက သူ့စိတ်ထဲမှာ ​ပေါ်လာသည်။

{ "စွမ်းအင်တွေ ရပြီးတဲ့ နောက်မှာ ငါ့ရဲ့ စွမ်းရည်တွေ အားကောင်းလာတယ်။ သူက အရင်တုန်း က ငါ့ကို အနိုင် ယူနိုင်တယ်"} ဟု ​ပြောကာ သက်ပြင်းချလိုက်သည်။

{"ဒါပေမယ့် လက်ရှိ ငါ့ကို လက်အောက်ခံ ဖြစ်အောင် မလုပ်နိုင်ဘူး၊ အဲဒါ ငါတို့ မျိုးနွယ်နဲ့ သူတို့ရဲ့ မိသားစုက ရည်မှန်းထားတာ မတူလို့ ဖြစ်နိုင်တယ်"}

ရှဲ့စန်း သူရဲ့ နောင်တရသံ ကို ကြားပြီးနောက် {"မင်း လုပ်ချင်ရင်တောင် မင်း ကိုယ်တိုင် လုပ်လို့ မရဘူးလား"} လို့ မေးလိုက်သည်။

{"မရဘူး"} ဟု ကြံ့ပျံက ရှင်းပြသည်။ {"သားရဲသခင်က Sအဆင့် သားရဲကို မဆက်နွယ်နိုင်ရင်၊ ဆက်နွယ်ခြင်း အခမ်းအနား က သွေးသောက်တဲ့ အဆင့်ကို ရောက်ရင် သားရဲသခင်ရဲ့ ​အော်ရာ က ဆက်နွယ်သားရဲကို မလွှမ်းမိုးနိုင်သလို ဆက်နွယ်သားရဲကလည်း သားရဲသခင်ကို အလိုလို တိုက်ခိုက်မိလိမ့်မယ်"}

ရှဲ့စန်း အရင်က ပြောခဲ့တာတွေကို တွေးပြီး စိတ်ပူသွားသည်။ {"မင်း ဆက်နွယ်မှု မလုပ်ရင် မင်းရဲ့ စိတ်အခြေအနေ ပိုကောင်းလာမလား"}

ကြံ့ပျံက {"ငါမသိဘူး။ သားရဲနှင့် သားရဲသခင်တို့ တွယ်တာမှု က သားရဲရဲ့ စိတ်ဝိညာဉ် တည်ငြိမ်မှု အတွက် အထောက်အကူ ဖြစ်တယ်။ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားကို ကုသဖို့ တခြား နည်းလမ်း ရှိမရှိတော့ ငါလည်း မသိဘူး"} ​ခဏ ရပ်လိုက်ပြီး

{ "မင်းဘေးမှာ ရှိနေရင် ငါ အဆင်ပြေတယ်။ မင်း ငါ့ကို ကူညီနိုင်တယ်၊ ငါ မင်းကို ဒုက္ခ ပေးရလိမ့်မယ်"}

ရှဲ့စန်း သူရဲ့ ဗိုက်ကို ပွတ်သပ်လိုက်သည်။ {"ကူညီနိုင်မယ် ဆိုရင် ဝမ်းသာပါတယ်"} သူ တုံ့ဆိုင်းနေပြီး {"မင်းနဲ့ သူနဲ့ ဆက်နွယ်ဖို့ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်"}

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now