Chapter 100: ဆုံးဖြတ်ချက်

4.5K 790 18
                                    

Chapter 100: ဆုံးဖြတ်ချက်

မီယာရဲ့ တုံ့ပြန်မှု က ဟန်ကျန်း ကို ပို၍ ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။ သူ့မျက်နှာ က တင်းကြပ်လာသည်သူခဏလောက် စကားမပြောဘဲ ​နေ​တော့ ရေတပ်ဗိုလ်ချုပ်ကြီး ​ချောင် က

"ရေတပ်ဗိုလ်ချုပ်ကြီး ​ချောင် ပါ။ သုတေသန စခန်း က ဝန်ထမ်း​တွေ လွတ်မြောက်သွား​တော့ တစ်ဖက်က မင်းကို ဆက်သွယ်နေတဲ့ အကြောင်း ဒုဗိုလ်မှူးကြီး​ချောင် က ကြားလိုက်ရတယ်"

"မဖြစ်နိုင်ဘူး!" မီယာ က သေသေချာချာ ပြောသည်။ သူက ဆက်သွယ်တဲ့သူ ဖြစ်သည်။ အဲဒီမှာ အပြင်လူ လုံးဝ မရှိခဲ့​ပေ။

 “သူ လိမ်နေတာ”

သူ အထိတ်တလန့်ဖြစ်သွားသည်။ ချို့ယွင်းချက် က ဘယ်မှာ ရှိ​နေတယ် ဆိုတာ သူ တွေးကြည့်လို့ မရ​ပေ။ခ​​ချောင်ခယ် က ဆက်သွယ်မှုကို မကြားနိုင်ခဲ့ဘဲ သုတေသန အခြေစိုက်စခန်း က သူနဲ့ ချိတ်ဆက်နေတာ ဘယ်လိုလုပ် သိသွားတာလဲ?။

ရေတပ်ဗိုလ်ချုပ်ကြီး ​အေဘမ် က ပြုံးလိုက်သည်။

 “အရေးမကြီးပါဘူး။ မင်းရဲ့ လက်ပတ် က ဒေတာကို ပြန်ယူပြီးသွားပြီ၊  မကြာခင် ပြန်စစ်​ဆေး​တော့မှာ၊ စွပ်စွဲခံရရင် သူ့ကို အသ​ရေဖျက်မှုနဲ့ တရားစွဲလို့ ရတယ်။တရားသူကြီး က တရားစွဲတာကို လက်ခံပါလိမ့်မယ်”

ရေတပ်ဗိုလ်ချုပ်ကြီး​ချောင် က သူ့ကိုကြည့်ကာ စည်းကမ်းထိန်းသိမ်း​ရေး ဥက္ကဋ္ဌကို

“လွန်ခဲ့တဲ့ ၄၈နာရီ က အချက်အလက် ကို ပြန်ဖွင့်​ပေးပါ"

"မဖြစ်ဘူး!!!" မီယာ က ဒုဗိုလ်ချုပ်ကြီး တစ်​ယောက်ရဲ့ စိတ်တည်ငြိမ်မှု အပြည့်အဝ ဆုံးရှုံးသွားသဖြင့် "အဖေ၊  ဒါကို ကြည့်လို့မဖြစ်ဘူး!"

ဟန်ကျန်းရဲ့ မျက်နှာ က ရုတ်တရက် အလွန် ကြည့်ရဆိုးလာပြီး ဆက်သွယ်မှုကို ရပ်တန့်လိုက်သည်။ ​ချောင် နဲ့ ​အေဘမ် က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ စည်းကမ်း ထိန်းသိမ်း​ရေး အဖွဲ့ဝင်​တွေကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ မျက်နှာ​တွေ ကို ထိန်းသိမ်းထားသော်လည်း လူတိုင်းတွင် အတွေးတစ်ခုသာ ရှိခဲ့သည်။ 

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now