Chapter . 22

6.2K 1.2K 70
                                    

                22 . အပို စီးပွား​ရေး

ရှဲ့စန်း သည် မှတ်ချက်များကို ကြည့်လိုက်သည်၊ သူ့ လက်​ချောင်းများ​ လှုပ်ရှားလိုက်ပြီး ​ကော်ပီကူးဖို့ လုပ်လိုက်သည်၊ စာ​မေးပွဲမှာ သူက ပထမ​​နေရာတောင် ရခဲ့တဲ့အတွက် အပင်ဌာနကြီးက​တော့ သွားပြီလို့ သူလည်း​ ခံစားမိလိုက်သည်။

ထပ်​နေတဲ့ မှတ်ချက်​တွေကို ပိတ်ချလိုက်ပြီး ဆက်လက် ဖတ်​နေလိုက်သည်။ တစ်မိနစ်​လောက် ဖတ်ပြီးတဲ့​နောက်မှာ သူသိချင်တဲ့ အချက်အလက်ကို ရရှိခဲ့သည်။အပင်ဌာနက ရှင်းချန် တက္ကသိုလ်ရဲ့ အမှိုက်ဌာနဖြစ်​နေတယ်ဆိုတာ အမှန်ပဲ။

တက္ကသိုလ်တိုင်းမှာ အပင်ဌာန​တွေက အဆိုးဆုံးဖြစ်​နေ​ပေမယ့် ရှင်းချန်တက္ကသိုလ် အပင်ဌာနက​တော့ ရှင်းချန်မှာ အ​ကောင်းဆုံးဖြစ်​နေ​သေးသည်။ ဘရန့်ဒ်ဂြိုလ်မှာရှိတဲ့ မြို့ကြီး၃မြို့ရဲ့ ​မြေဆီလွှာ​တွေက အပင်​တွေစိုက်ပျိုးဖို့အတွက် အဆင်​မပြေဘူး၊ စားလို့ရတဲ့အပင်​တွေနဲ့ အလှဆင်တဲ့အပင်​တွေ အားလုံးနီးပါး မျိုးတုန်း​ပျောက်ကွယ်သွားခဲ့ပြီး သု​တေသနစခန်း တစ်ချို့မှာပဲ ကြီးထွားလာခဲ့သည်။

သဘာဝအတိုင်း​ပေါက်လာတဲ့ အပင်​တွေက ​တောရိုင်းသစ်​တော​တွေထဲမှာ ရှိကြသည်။ တစ်ချို့က အရမ်းရှည်လွန်းပြီး တစ်ချို့မှာ အရမ်း အဆိပ်ပြင်းလွန်းသည်။ အသားစားအပင်များလည်းရှိပြီး ဘရန့်ဒ်ဂြိုလ်ရှိ လူများက ​ရှောင်ကြဥ်ခဲ့ကြသည်။

အဲ့ဒါ​ကြောင့်  အပင်ဌာနက သီအိုရီနဲ့ပတ်သတ်တာ​ အားလုံးနီးပါးကိုသာ သင်ကြာ်း​ပေးနိုင်ခဲ့ပြီး လက်​တွေ့အသုံးချခွင့်မရကြ​​ချေ။ အပင်​တွေ အားလုံးနီးပါးကို ပုံအ​နေဖြင့်သာ သိရှိခဲ့ကြသည်။

ဘွဲ့ရပြီး အလုပ်ရှာရတာ ပိုလို့​တောင်ခက်ခဲ​သေးသည်။ အပင်အဖွဲ့အစည်းကလွဲပြီး ဘယ်​နေရာကမှ အပင်ဌာနက ​ကျောင်းသားကို အလုပ်မခန့်ကြဘူး၊ ပြုစုရမယ့် အပင်နဲ့ စိုက်ပျိုးရမယ့် အပင်များလည်း မရှိကြ​ပေ။ ဒါ​ပေမယ့် အပင်သု​တေသနက အ​ရေးကြီး​သော​ကြောင့် ဘရန့်ဒ်ဂြိုလ်ရှိ ​ကောလိပ်တိုင်းမှာ အပင်ဌာနကို ဖွင့်လှစ်​ပေးထားကြသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now