Chapter 69 : လူစုခြင်း

4.6K 818 7
                                    

Chapter 69 : လူစုခြင်း

ရှဲ့စန်း က မြေပုံပေါ်တွင် အက်ဒမ် ​ပြောတဲ့ ဂြိုလ်ကို ရှာမတွေ့သဖြင့် သူ့ကိုယ်သူ ခဏလောက် စဉ်းစားလိုက်သည်။

( “မြေပုံပေါ်မှာ မရှိဘူး။ ရေး မထားတာလား")

အက်ဒမ်က ချက်ချင်းပဲ (“ဖြစ်နိုင်တယ်။ စကြဝဠာထဲမှာ မရေမတွက်နိုင်တဲ့ ဂြိုလ်တွေ ရှိပြီး တစ်ခုချင်းစီကို မြေပုံပေါ်မှာ မှတ်တမ်းတင်ဖို့ မဖြစ်နိုင်ဘူး… အိုး....၊ ဒါဆို ငါတို့ ဘာလုပ်သင့်လဲ”)

ရှဲ့စန်း က (“စိတ်မပူပါနဲ့ တစ်ခုခု စဥ်းစားလိုက်မယ်။ ဂြိုလ်ပေါ်မှာ မဟုတ်ဘဲ စကြဝဠာထဲမှာ မျောနေတာ ဖြစ်နိုင်မလား”)

(“မဟုတ်ဘူး၊ ငါ ခံစားလို့ ရတယ်။ စွမ်းအင် အပြည့်ရှိ​နေပြီး သဘာဝက ဝန်းရံထားတယ်။ စကြာဝဠာထဲမှာ မဖြစ်နိုင်ဘူး! အပင်တွေ အများကြီးရှိတဲ့ ဂြိုဟ်ပေါ်မှာပဲ ရှိရမယ်”)

ရှဲ့စန်း က (“ငါ သိပါတယ်။ ငါ တစ်ခုခုကို စဥ်းစားလိုက်မယ်")

("စန်း က အကောင်းဆုံးပဲ၊ ငါတို့ နည်းလမ်းရှာမယ်!") အက်ဒမ် က စိတ်အားထက်သန်တဲ့ လေသံဖြင့် ပြောသည်။

ရှဲ့စန်း ရယ်လိုက်သည်။ အက်ဒမ် ကို ("စိတ်မပူနဲ့ ငါနည်းလမ်း ရှာမယ်") လို့ပြောပါတယ်။

(“အင်း၊ အဲဒါဆို ငါ အနားယူလိုက်ဦးမယ်")

ရှဲ့စန်း က အက်ဒမ် ​ပြောတဲ့ အကွာအဝေးအရ ဘရန့်ဒ်ဂြိုလ်ရဲ့ ပတ်၀န်းကျင်ရှိ ​နေရာကို ခြေရာခံရင်း မြေပုံကို ခဏကြာအောင် စိုက်ကြည့်​နေသော်လည်း ​ပြောတဲ့ဂြိုလ်ကို ရှာမတွေ့သေး​ပေ။ သူတွေးနေရင်းနဲ့ ဆက်သွ​ရေးစက် က အသံထွက်လာသည်။ သူကြည့်လိုက်​တော့ မုလင်း ခေါ်နေတာ ဖြစ်သည်။

"ဥက္ကဌ မု၊ ဘာဖြစ်လို့လဲ"

"မင်း မေ့သွားပြီလား။ တစ်လကျော် ​နေပြီ။ ဆေးစစ်ဖို့ အချိန် ရောက်ပြီ​လေ” ဟု မုလင်းက ပြောသည်။

ရှဲ့စန်း တကယ်ကို မေ့သွားခဲ့တာ ဖြစ်သည်။

 "တောင်းပန်ပါတယ် ဒီတစ်ပတ် ပိတ်ရက် လာခဲ့ပါ့မယ်"

“အလုပ် မများဘူး ဆိုရင် ဒီည အလုပ်ပြီးရင် လာခဲ့​လေ။ ကုလျှို့ နဲ့ ငါ ဒီည အလုပ်မှာ နောက်ကျတဲ့ အထိရှိတယ်"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now