Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း

4.5K 753 20
                                    

Chapter 107: လက်ထပ်ခွင့် ​တောင်းခြင်း

ရှဲ့စန်း အဝေးက သစ်ပင် အတန်းလိုက်ကြီး ကို လှမ်းကြည့်ရင်း အရမ်း စိတ်မကောင်း ဖြစ်မိသည်။ ဧရာမ ​ကြောင်မြီးတို သားရဲကို ပိတ်ဆို့ဖို့အတွက် သူက သစ်ပင် ၂၀ကို တစ်ပြိုင်နက်တည်း လဲလှယ်ခဲ့ရပြီး စွမ်းအင် ၂၀ ကို အသုံးပြုခဲ့ရသည်။ သူက မိုင်နဲ ကို ကြည့်လိုက်သည်။

 "အပင်​တွေ ကို ခြံဝင်းထဲမှာ ပြောင်းစိုက်ဖို့ တစ်ယောက်ယောက် ခေါ်လို့ ရမလား"

"ရတယ်၊ ကိုယ် နောက်မှ ဖုန်းဆက်လိုက်မယ်" မိုင်နဲ က ခေါင်းညိတ်ပြပြီး အပြင်သို့ ခေါ်သွားသည်။

ရှဲ့စန်း က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "မင်းရဲ့ ဘွဲ့လက်မှတ် မရသေးဘူး မဟုတ်လား" 

ဆရာ​တွေ က အပင်ဌာန ဘွဲ့လက်မှတ် ကို အရင် ထုတ်ပေးတာ ဖြစ်ပြီး မိုင်နဲတို့ အတန်း က နောက်ဆုံးမှ ရတာဖြစ်နိုင်သည်။

မိုင်နဲ က “ကိုယ်တို့ ဆေးရုံသွားပြီးရင် သွားယူလိုက်မယ်”

"ငါ အဆင်ပြေပါတယ်။ မင်းရဲ့ ဘွဲ့လက်မှတ် ယူဖို့ ငါ မင်းနဲ့ လိုက်ခဲ့မယ် ၊ နောက်မှ အတူတူ ပြန်ကြမယ်” ဟု ရှဲ့စန်း က ပြောသည်။

မိုင်နဲ က တုံ့ဆိုင်းသွားသော်လည်း ရှဲ့စန်း က သူ့ကို သတင်း အချက်အလက် ဌာနဆီသို့ ဆွဲခေါ်သွားသည်။

 “ဆုံးဖြတ်ပြီးသွားပြီနော်” 

ဘေးက လူအုပ်ကြီး က လူစုခွဲ၍ လမ်းဖယ်ပေးကြသည်။

မိုင်နဲ အနောက်​က​နေ လိုက်​လာတဲ့ လူ​တွေက သူတို့​နောက် ​ကို ဆက်​လိုက်​ကြသည်​။ တစ်ယောက်ယောက်က

"ရှဲ့စန်း၊ ငါ အာလူး ယူလို့ရမလား"

"ငါ ငရုတ်သီး လိုချင်တယ်!"

မိုင်နဲ က “အဲဒါကို စဉ်းတောင် မစဉ်းစားနဲ့” ဟု အေးစက်တဲ့ လေသံဖြင့် ပြောလိုက်သည်။

ရှဲ့စန်း က မိုင်နဲ ဘွဲ့လက်မှတ် ယူတာကို လိုက်သွားကာ အဖွဲ့လိုက် ဓာတ်ပုံရိုက်တာ ကို စောင့်ဆိုင်းပြီးနောက်

“မင်းရဲ့ စာသင်ခန်းရှေ့မှာ ငါတို့ ဓာတ်ပုံ ရိုက်ကြမလား” လို့ အကြံပေးခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now