Chapter 80 : လေလံပွဲများ

4K 809 8
                                    

Chapter 80 : လေလံပွဲများ

"Wow တာ့ဟေး ကြိုက်မှာ သေချာတယ်!" 

လောင်ထန်း ထိုပုံကို မြင်သည်နှင့် သူ့မျက်လုံးတွေ ချက်ချင်းတောက်ပလာသည်။

မျက်လုံးတွေ ကြားရှိ ရွှေသတ္တုရိုင်း ကို သဘာဝ စိန်ကြီးများဖြင့် အစားထိုးခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး နေ့စဥ် မျက်လုံးဖွင့်ကြည့်တိုင်း တောက်ပတဲ့ အလင်းရောင်ကို မြင်တွေ့နိုင်သည်။

လောင်ထန်း သည် နဂါးပျံသားရဲကြောင့် တောက်ပြောင်တဲ့ အရာတွေ ကို အထူး အာရုံစိုက်ခဲ့သည်။

ရှဲ့စန်း ကတော့ “လှတယ်” ဟု မအော်နိုင်ပေ။

သူက မှတ်ချက်တွေ ကို ကြည့်လိုက်တယ်။ အားလုံးနီးပါး က ချီးမွှမ်းကာ အော်ဟစ်နေကြပြီး အများစုကတော့ ရအောင်ဝယ်ရမယ် လို့ ပြောနေကြတယ်။ သူက မှတ်ချက်တွေကို ကြည့်ပြီး

“လက်ဝတ် ရတနာတွေရဲ့ စျေးနှုန်းကို သိကြလား” လို့ မေးလိုက်တယ်။

 "ဒီပုလဲကြီး ဆိုရင် ဘယ်လောက်ကျမလဲ”

လောင်ထန်း ခေါင်းယမ်းလိုက်သည်။ "ငါ မသိဘူး။ ငါ့အဖေက တာ့ဟေး အတွက် ပစ္စည်းတွေ အကုန် ပြင်ဆင်ပေးထားတာ”

မိုင်နဲ လည်း ခေါင်းခါသည်။ "ကိုယ်က အဲဒါတွေ ကို အာရုံစိုက်ခဲတယ်"

ပိုင်ကျောင်း က လက်ဝတ်ရတနာတွေ ကို မကြာခဏ မဝတ်တတ်ပေမယ့် မိသားစု အကြောင်းတွေကြောင့် ငယ်ငယ်ကတည်းက ပွဲမျိုးစုံ ကို တက်ရောက်ရပြီး နားလည်မှု အနည်းငယ် ရှိခဲ့သည်။ 

“အကြီးဆုံး ပုလဲ က၊ ဒီပုလဲထက် အချင်း ၁၃မီတာလောက် သေးတယ်၊ ရောင်းဈေးက သန်း၃၀၀”

ရှဲ့စန်း အံသြသွားသည်။ အချင်းအရ၊ ဒီတစ်ခု က သန်း ၉၀၀၀ ထက် မနည်းနိုင်ပေ။ သူ ဘယ်လို တတ်နိုင်မှာလဲ။

စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်း မသိတော့ချေ။ ပိုင်ကျောင်း  က “ဒီလောက် ဈေးမကြီးလောက်ဘူး။ ဒီပုလဲ က လက်ဝတ်ရတနာ အတွက် အရမ်း ကြီးလွန်းတဃ်၊ အလှဆင်ဖို့ အတွက်ပဲ သုံးလို့ ရမယ်။ စုဆောင်းထားတယ် လို့ ပြောရင် ပိုမှန်တယ်။ ဒါပေမယ့် စျေးသက်သက်သာသာနဲ့ မရလောက်ဘူး၊ ကြီးပြီး ရှားပါးလွန်းတယ်”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now