14. စာအုပ်

5.6K 1.1K 18
                                    

  အားမုံ့ရဲ့ ဘဝင်မြင့်​နေတဲ့ အကြည့်​ ပျောက်သွားပြီး စိတ်လှုပ်ရှားစွာနဲ့ ဆက်နွယ်သားရဲ​ ခေါင်းကို ပွတ်​ပေးလိုက်သည်။ ဝံပု​လွေ​ခွေး က အီသံ​ပေးပြီး သူ့ကို ပြန်ပွတ်သပ်လာခဲ့သည်။ သူ့မျက်လုံးနဲ့ နှာ​ခေါင်းက ရဲ​နေပြီး သူ့ကြည့်ရတာ အရမ်း သနားစရာ ​ကောင်း​နေသည်။

"မင်းကများ အဆိပ်ခပ်ရဲတယ်ပါ့ " အားမုံ့ ရှဲ့စန်းကို ကြည့်ကာ ​ဒေါသတကြီးနဲ့ ​အော်ဟစ်လာခဲ့သည်။

" အဲ့ဒါက အဆိပ် မဟုတ်ဘူး ဒါ​ပေမယ့် မြန်မြန် မလုပ်ဘူးဆိုရင် အချိန်ကြာလာတာနဲ့ ပိုပြီး ​နေရခက်လာလိမ့်မယ် " ရှဲ့စန်း ရှင်းပြလိုက်သည်။

အားမုံ့ ချက်ချင်း ​မေးလိုက်သည်။ " အဲ့ဒါကို ဘယ်လိုလုပ်ရမလဲ? "

ရှဲ့စန်း ပြန်မ​ဖြေဘဲ ​မေးလိုက်သည်။ " ငါတို့ တိုက်လို့ ပြီးသွားပြီလား? "

အားမုံ့ ပြန်မ​ဖြေချင်​ပေမယ့် ဆက်နွယ်သားရဲနဲ့ သခင်ကြားမှာ ဆက်နွယ်မှု အနည်းအကျဥ်း ခံစားလို့ရနိုင်သည်။ ဆက်နွယ်သားရဲ က ​အရမ်း နေရခက်​နေတာ ကို သူ ခံစားလို့ရ​နေခဲ့သည်။ သူ အံကြိတ်လိုက်ပြီး ​​ခေါင်းညိတ်လိုက်သည်။

" အင်း မင်း နိုင်သွားပြီ၊ ​နေရခက်တာ ​ပျောက်​အောင် ဘယ်လိုလုပ်ရမလဲ ငါ့ကို ​ပြောပါ "

"သူ့ကို ​ရေကူးဖို့​ ခေါ်သွား။ ​မှတ်ထားရမှာ က ​ရေထဲ​ ခေါင်းနှစ်ထားပြီး ​ရေ မြန်မြန် ကူးရမယ်၊ အဲ့ဒီလို​ ရေခဏကူး​​ပေးပြီးရင် ​အေးတဲ့ လိမ်း​ဆေး ကို ရေသုတ်ပြီးရင် လိမ်း​ပေးလိုက် "

အားမုံ့ က ဆက်နွယ်သားရဲ ကို ​နေရာလွတ်ထဲ ဝင်ခိုင်းလိုက်ပြီး ​နောက်လှည့်ကာ စင်​ပေါ်က​နေ ဆင်းသွားခဲ့သည်။

ကြည့်​နေတဲ့လူ​တွေ က သူ့မျက်နှာ​မှာ ​ဒေါသ​တွေ ပြည့်​နေတာ မြင်​တော့ မြန်မြန် လမ်းဖယ်ပေးလိုက်ကြသည်။ အားမုံ့ တိုက်ပွဲ ဧရိယာ က ထွက်သွားတာနဲ့ လူတစ်​ယောက် က ရှဲ့စန်း ကို ချက်ချင်း ​မေးလိုက်သည်။

"မင်း ​ဘေးနား က အရာက ဘာကြီးလဲ? "

ရှဲ့စန်း ငရုတ်ပင် ကို ပြန်သိမ်းလိုက်ပြီး ပြုံးကာ ပြန်မ​ဖြေပဲ​နေလိုက်သည်။ မိုင်နဲ ရပ်ခဲ့တဲ့​နေရာ ကြည့်လိုက်​​တော့ ဘယ်သူမှ မရှိ​တော့ဘူး။ သူ ဘယ်အချိန်က ထွက်သွားတာလဲ မသိလိုက်ဘူး။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now