4. အိမ်ကို ​ခေါ်လာခြင်း

6.3K 1.1K 23
                                    

ရှဲ့စန်း လှည့်ပြီး ​ပြောလိုက်တယ် "​တောင်းပန်ပါတယ်၊ ငါလွှတ်​ပေးပါ့မယ်"။ ​ပြောပြီးမကြာခင်မှာဘဲ သူ့မျက်နှာက တစ်ဖက်လူရဲ့ ​ကျောကို သွားဖိမိ​နေတယ်။ သူတို့အချင်းချင်း ထိမိတဲ့အချိန်မှာ တစ်ဖက်လူရဲ့ ခန္ဓာကိုယ်က အား​ကောင်းပြီး ကာကွယ်မှု၊ သတိအပြည့်နဲ့ဖြစ်​နေတယ် ။

ရှဲ့စန်း ပင်ပန်းမှု​တွေက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လာတယ်။ ရှုပ်​ထွေးစွာနဲ့ မျက်လုံး​မှေးကြည့်လိုက်တယ်။ ဘာဖြစ်သွားတာလဲ!!! သူ့လှုပ်ရှားမှု​တွေကို သူမထိန်းချုပ်နိုင်ခဲ့ဘူး။

တကယ်လို့ သူသာ မိန်းမကြီး ဖြစ်မယ်ဆိုရင် မ​ကောင်းဆိုးဝါး ဝင်ပူးသွားတဲ့အတိုင်းပဲ။

မဟုတ်​သေးပါဘူး ဒီကမ္ဘာမှာ မိန်းမမရှိဘူး။ပြီး​တော့ ဒီလူက အထီးလား အမလား သူမသိဘူး။
သူ့အရပ်က 190 cmရှည်တာကိုကြည့်ရင် သူက အထီးဖြစ်နိုင်တယ်။

မိုင်နဲ သူ့ရဲ့ကျဥ်း​မြောင်းတဲ့ ဖီးနစ်မျက်လုံး​နဲ့ အ​ရေးမပါသလို ကြည့်လိုက်တယ်။ သူ့နှုတ်ခမ်း​ထောင့်​လေး ​ကော့တက်သွား​ပေမယ့် သူ့မျက်လုံးတွေက​တော့ မနှစ်မြို့သလို ဖြစ်​နေတယ်။သူ့ခါးမှာ ဖက်ထားတဲ့ ရှဲ့စန်းရဲ့ လက်ကိုယူ တစ်ဝက်လှည့်ပြီး လက်ပြန်လိမ်​ပေး လိုက်တယ်။

"အာ့!!!" နာလာတဲ့အတွက် ရှဲ့စန်း​ အော်မိသွားတယ်။ နာကျင်စွာ ​အော်တာရပ်သွားတာနဲ့ရှဲ့စန်း ​မေ့လဲသွားတယ်။ ခန္ဓာကိုယ်က ညင်သာစွာ လဲကျသွားတယ်။ ​မေ့မလဲခင် အလွန်ကြည့်​ကောင်းတဲ့ မျက်နှာကို သူ​တွေ့လိုက်တယ်။

မိုင်နဲ မျက်ခုံးကြုပ်သွားတယ်။ သူရှဲ့စန်းက ဘယ်သူဆိုတာကို မြင်ပြီးတဲ့​​​နောက်မှာ အံ့သြမှု​တွေ သူ့မျက်လုံးထဲမှာ​ပေါ်လာခဲ့တယ်။ ရှဲ့စန်း​​မြေကြီး​ပေါ်မကျခင် သူ သူ့ကိုလှမ်းထိန်း​ပေးခဲ့တယ်။

" မင်းက အထီးမဟုတ်ဘူးလား။အမ တစ်​ယောက်ကို ဘာလို့ ကြမ်းကြမ်းတမ်းတမ်း လုပ်ရတာလဲ။ " အလုပ်ဆင်းပြီး ​ဘေးကဖြတ်သွားတဲ့ လူ​တွေက မ​နေနိုင်ဘဲ ဝင်​ပြောမိတယ်။ သူတို့က ရှဲ့စန်းမေ့လဲသွားတာကို မြင်လိုက်ကြတယ်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now