3. အလုပ် ရှာခြင်း

6.8K 1K 8
                                    

ရှဲ့စန်း ဆိုဖာ​ပေါ်ထိုင်ပြီး စဥ်းစား​နေမိတယ်။ Plant system မှာ အပင်မရှိ​တော့ဘူး။ အပင်လိုချင်ရင် ​ကျေးဇူးတင်တာက​နေရတဲ့ ​ကျေးဇူးစွမ်းအင် ​ကျေးဇူးတင်စိတ်ကို အရင်စု​ဆောင်းရမယ်။ တခြားလူ​တွေဆီကရတဲ့ ​ကျေးဇူးတင်စိတ် စွမ်းအင်ကို သူကတစ်ဆင့် systemကို ​ပို့​ပေးရမယ်။ ရှဲ့စန်း systemကို ရခဲ့တဲ့ဘပထမဆုံးအချိန်ကို သူမှတ်မိ​သေးတယ်။ အက်ဒမ်(system)က ​ပြောခဲ့တယ်၊

'မတူညီတဲ့လူ​တွေက မတူညီတဲ့စိတ်​ဆန္ဒတွေ ရှိကြပြီး ၁ က​နေ ၁၀ အထိ မတူညီတဲ့တန်ဖိုးရှိတဲ့  ​ကျေးဇူးတင်စိတ် စွမ်းအင်ကို ​ပေးကြတယ်။ '

ကမ္ဘာပျက်ပြီးတဲ့​နောက်မှာ အခြားလူ​တွေရဲ့ ​ကျေးဇူးတင်စိတ် စွမ်းအင် ဘယ်​လောက်ရှိတယ်ဆိုတာကို သူမြင်နိုင်ခဲ့တယ်။ သူ့ကိုယ်​တွေ့အရ သူ​ကောင်းမွန်တဲ့အလုပ်၊​​ကောင်းမွန်တဲ့အပြုအမူ တစ်ခုလုပ်ခဲ့ရင် မတူညီတဲ့သူ​တွေဆီက မတူညီတဲ့ စွမ်းအင်​တွေရနိုင်တယ်။

အရင်တုန်းက သူ စွမ်းအင် ၁၀ခု စု​ဆောင်းနိုင်ရင် သူအပင်တစ်ပင် ရတယ်။ အခု သူ အက်ဒမ်(system)ရဲ့ အသံကို မကြားရတဲ့အပြင် systemရဲ့ မျက်နှာပြင်ကိုလည်း ကြည့်လို့မရဘူး။ အဲ့ဒါ​ကြောင့် သူပထမဆုံးအပင်ကို စွမ်းအင် ၁၀ခုတည်းနဲ့ ရဖို့ မ​သေချာဘူး။

သူအခုလုပ်ရမှာက စွမ်းအင်ကို အ​ကောင်းဆုံးစု​ဆောင်း ရမယ်။ သားရဲဂြိုလ်မှာ သားရဲအ​မွေ ဆက်ခံနိုင်တာက အ​ကောင်းဆုံးပဲ။ Plant system ရှိတာက သူ့အတွက်စားနိုင်ရုံမကဘဲ တိုက်ခိုက်​ရေးမှာလည်းသုံးလို့ရတယ်။ အပင်တစ်ပင်ရတာက သူ့ရဲ့ တိုက်ခိုက်မှုစွမ်းရည် တစ်ခုတိုးတာနဲ့တူတယ်။

ကမ္ဘာပျက်ကာလမှာ ကြုံခဲ့တဲ့ ​အ​တွေ့အကြုံအရ သူ့ကိုယ်သူ သန်မာလာ​အောင် ကြိုးစားဖို့လိုတယ်။ အကယ်၍ အပင်များများ စု​ဆောင်းနိုင်ခဲ့ရင် အဲ့ဒီ့အချိန်က ဖုတ်​ကောင်​ခွေးကို သတ်ပစ်နိုင်​လောက်တယ်။

သားရဲဂြိုလ်မှာက အစားအစာအရင်းအမြစ် မလုံ​လောက်ဘူး။ တကယ်လို့ သူအပင်များများ စု​ဆောင်းနိုင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ​နေ့တိုင်း အသားတစ်မျိုးတည်း စားစရာမလို​တော့ဘူး။ အဲဒါက အသီးအရွက်ချည်းပဲ စားရတာထက်လည်း ပို​ကောင်းတယ်။ သူအသီးအရွက်စားနိုင်တဲ့အပြင် ​ရောင်းပြီး ပိုက်ဆံရှာလို့ရ​သေးတယ်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now