Chapter 61 : ထင်မြင်ချက်​ပေးခြင်း

5.2K 884 9
                                    

Chapter 61 : ထင်မြင်ချက်​ပေးခြင်း

ရှဲ့စန်း ငိုကြွေးပြီး​နောက် နယ်မြေခွဲဝေရန် ဝိုင်းဖွဲ့ ဆွေးနွေးနေကြသော သားရဲများကို ကြည့်ကာ ရယ်မောလိုက်သည်။ ဧရာမ ဝံပုလွေသားရဲနှင့် ဧရာမ ကြံ့သားရဲတို့၌ ဘာအကြံမှ မရှိ​ပေ။ ဧရာမ ကျားသားရဲ က သူတို့ရဲ့ မူလနယ်မြေ ကို အရုပ်များ ထားရှိရန် နေရာအဖြစ် အသုံးပြုသင့်ကြောင်း အကြံပြုခဲ့သည်။

အချိန် အတော်ကြာ ဆွေးနွေးပြီးနောက် သားရဲများ ​နေရာကွဲသွားသည်။ ဧရာမ ကျားသစ်သားရဲက ပျော့ပျောင်းတဲ့ ကူရှင်ကို ရွှေ့ရန်သွားစဉ် ဧရာမ ကျားသားရဲနဲ့ ခြင်္သေ့ကြီးတို့က သတ္တုစပ်ဘောလုံးများ ကို တွန်းထုတ်ကာ လွတ်သွားတဲ့ နေရာတွင် ထားလိုက်ကြသည်။

ဧရာမဝံပုလွေသားရဲနဲ့ ကြံ့ကြီး.တို့ နှုတ်ဆက်ပြီးနောက်၊ ​ဟောင်ဖန်း နှင့် ​ကျောင်း​ဟောင် တို့က သူတို့အား ​နေရာလွတ်ထဲသို့ ဆင့်ခေါ်ခဲ့သည်။

​ကျောင်း​ဟောင် က ရှဲ့စန်း ကို ကြည့်ပြီး "ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အကူအညီလိုရင် ငါ့ဆီ တိုက်ရိုက်လာနိုင်ပါတယ်။ ငါ အခု သွား​တော့မယ်"

ရှဲ့စန်း က ယဉ်ကျေးမ​နေဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ"

​ကျောင်း​ဟောင် ထွက်သွားပြီး မကြာခင် ရှဲ့စန်း၊ မိုင်နဲနဲ့ ​ဟောင်ဖန်း တို့က ကျင်းကျန်က​နေ ထွက်သွားကာ အနီးနားက စားသောက်ဆိုင်ကို သွားလိုက်ကြသည်။

သူတို့ ထိုင်ပြီးနောက် ရှဲ့စန်း က ​ဟောင်ဖန်း ကို တိုက်ရိုက်မေးလိုက်သည်။

"ငါတို့ 15 ရက်နေ့မှာ Aဂြိုလ်ကို သွားမယ်။ စီစဉ်ပေးနိုင်မလား?"

"ကိစ္စမရှိပါဘူး" ​ဟောင်ဖန်း က သူ့လက်ကတ်ကို ဖွင့်ကာ အဆက်အသွယ် အချက်အလက်ကို ဖလှယ်လိုက်သည်။ Formတစ်ခုစီကို သူနဲ့ မိုင်နဲအား ပေးလာသည်။

"လျှောက်လွှာကို ဖြည့်လိုက်ပါ၊ ကျန်တာကို ငါ ဂရုစိုက်လိုက်ပါ့မယ်"

ရှဲ့စန်း က Formကို ဖွင့်ပြီး နေ့လယ်စာ စောင့်ရင်း ဖြည့်လိုက်သည်။ မိုင်နဲ လည်း မြန်မြန်ဖြည့်ပြီး ​ဟောင်ဖန်း ကို အတူတူ ပို့လိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now