12. ပြိုင်ပွဲစင်မြင့်

5.5K 1K 25
                                    


ရှဲ့စန်း ကားခရီးသည်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပင်ဌာနရဲ့ စာ​မေးပွဲ အ​ကြောင်း​တွေး​နေမိသည်၊ သူ​မေးလိုက်သည်၊ " မ​နေ့က စာ​မေးပွဲ ​ဖြေခဲ့ရတယ် မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီ​နေ့ထပ်သွားဖို့ လိုတာလဲ "

မိုင်နဲ လမ်း​ကြောင်းသတ်မှတ်လိုက်ပြီး ပြန်​ဖြေလာခဲ့သည်  " သတင်းအချက်အလက်ဌာနက စာ​မေးပွဲ ၃ရက် ​ဖြေရတယ် "

ရှဲ့စန်း စိတ်ထဲက​နေ တွေးလိုက်ပြီး ရယ်လိုက်သည် အဲ့ဒါဆို သူက သတင်းအချက်အလက်ဌာနက​ပေါ့ " ငါတို့ အပင်ဌာန စာ​မေးပွဲက တစ်မနက်တည်းနဲ့ ပြီးတယ် မင်းတို့ထက် လွယ်တဲ့ပုံပဲ "

မိုင်နဲ သူ့ကို စိတ်ရှုပ်​ထွေးတဲ့ မျက်လုံးနဲ့ကြည့်လာပြီး " ဌာနအားလုံးထဲမှာ အပင်ဌာနက အလွယ်ဆုံးပဲဆိုတာ မင်းမသိဘူးလား "

ရှဲ့စန်း နည်းနည်းကွယ်ပြီး ရယ်လိုက်သည်။ သူ ​မေ့သွားတာမဟုတ်ဘူး လုံးဝကို မသိတာ ။

ကားက ​ကျောင်းက ကားparkingမှာ ဆင်းလိုက်တဲ့အချိန် ရှဲ့စန်း ​ပြောလိုက်သည်  " ငါ့ စာ​မေးပွဲအခန်းက ​ဆောက်အအုံ ၈ မှာ  မင်းက​ ဘယ်မှာလဲ "

" ဆန့်ကျင်ဘက်မှာရှိတဲ့ အ​ဆောက်အအုံ ၁ မှာ "

" အဲ့ဒါဆို သပ်သပ်စီသွားရ​အောင် ငါ့ကားကို သွားကြည့်ဖို့ လို​နေ​သေးလို့ " ရှဲ့စန်း​ပြောလိုက်ပြီး  " အာ~~ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လဲကြရ​အောင် "

မိုင်နဲ ​ခေါင်းညိတ်လိုက်ကာ လဲလှယ်လိုက်ပြီး အရင်ထွက်သွားခဲ့သည်

သွားလာ​ရေး ​မြေပုံက​နေ ကားရဲ့တည်​နေရာကို ရှာ​တွေ့ခဲ့သည်  သူ့ကားက လမ်း​ပေါ်မှာ အ​တွေ့များတဲ့ ပုံစံရှိပြီး အပြာနု​ရောင်​လေးဖြစ်သည်  သွားရမယ့်​​နေ့ရာချမှတ်လိုက်ပြီး parkingက​နေ ထွက်လာခဲ့သည်  ​ကျောင်း​မြေပုံကို ဖွင့်လိုက်ပြီး စာ​မေးပွဲအခန်းရှိတဲ့ အ​ဆောက်အအုံ ၈ ကို ​မြေပုံအတိုင်း ​မောင်းသွားလိုက်သည်

သူ​ကျောင်းကို လမ်း​လျှောက်လာပြီး မကြာခင်မှာ ရှဲ့စန်း တစ်ခုခုမှား​နေ​ကြောင်း သတိထားမိလိုက်သည်  ဖြတ်သွားတဲ့ ​ကျောင်းသား​တွေက သူ့ကိုမြင်တာနဲ့လန်ုသွားကာ သူ့ကိုကြည့်ပြီး သူတို့အချင်းချင်း တစ်ခုခုကို တီးတိုး​ပြော​နေကြသည်

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now