15. မိုင်နဲ

5.7K 1.1K 14
                                    

   " အယ်.... မင်း ဘာဖြစ်​နေတာလဲ နဂါးပျံသားရဲက မိုက်တယ် မထင်ဘူးလား "

​လောင်ထန်း က ရှဲ့စန်း ဘာမှမ​ပြောဘဲ ရပ်​နေတာ ​တွေ့​တော့ သူ့ပုခုံး ကို ပုတ်ပြီး ​မေးလိုက်သည်။

ရှဲ့စန်း အသိပြန်ဝင်လာပြီး ​ခေါင်းအကြိမ်ကြိမ် ညိတ်လိုက်သည်။ " မိုက်တယ် "

သူ ​တောက်ပစွာ ပြုံး​နေတဲ့ ​လောင်ထန်း ကို ရှုပ်​ထွေးစွာ ကြည့်လိုက်သည်၊ လောင်ထန်းနဲ့ စာအုပ်ထဲ က MLနဲ့​တော်​တော် တူ​နေ​ပေမယ့်  မိုင်နဲ က.....

သူ စာအုပ်ကို အဆုံးထိ မဖတ်ရ​သေးပဲ ဗီလိန်​ဘော့စ် ​ပေါ်လာတဲ့အချိန်မှာ ရပ်ထားခဲ့သည်။  အဲ့ဒီအချိန်မှာ ​​လောင်ထန်း က ရှင်းချန် ကို ​​စောင့်​ရှောက်ဖို့ သန်မာ​နေပြီ ဖြစ်သည်။  သူက မိုင်နဲရဲ့ အစီအစဥ် ကို ဖျက်ဆီးလိုက်ပြီး ​နောက်ဆုံးမှာ​တော့ ဗီလိန်​ဘော့စ် ကို အနိုင်ယူနိုင်ခဲ့သည်။

မိုင်နဲရဲ့  နှိုင်းယှဥ်မရနိုင်တဲ့ ​ချော​မောမှု ကို စာ​ရေးဆရာ က ပီပီပြင်ပြင် ပုံ​ဖော်ခဲ့တာ ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိပါ​သေးသည်။ စာအုပ်ထဲမှာရှိတဲ့ မိုင်နဲ က စာနာစိတ်မရှိတဲ့ နည်းဗျူဟာ၊ မှိုင်​တွေ​နေတဲ့ စရိုက်​တွေ ဝန်းရံ​​နေတဲ့ လူဖြစ်​ပေမယ့် သူ သိထားတဲ့ လူနဲ့ လုံးဝ မတူကွဲပြား​နေသည်။

ပြီး​တော့ မိုင်နဲ ကတ်စ်ရဲ့ ဆက်နွယ်သားရဲ က ​ခြင်္သေ့ပျံ ဖြစ်သည်။  MLလောင်ထန်းလိုမျိုး နှစ်​ယောက်စလုံးက Sအဆင့် ဆက်နွယ်သားရဲသခင်​တွေ ဖြစ်ကြတဲ့အချိန်မှာ လူ​ချော​လေးရဲ့ ဆက်နွယ်သားရဲက​တော့ Aအဆင့် ဧရာမ ခြင်္သေ့သားရဲ ဖြစ်​နေသည်။

သူ အထင်လွဲသွားတာ ဖြစ်နိုင်​လောက်တယ်။ အားမုံ့​ပြောတဲ့ မိုင်နဲ​ကော့စ် က သူ သိထားတဲ့ လူ​ချော​လေး မဖြစ်နိုင်​လောက်ဘူး မဟုတ်လား?  ဒီမှာ ပရိသတ်​တွေ အများကြီး ရှိ​နေပြီး​တော့ မိုင်နဲ က လူ​ချော​လေးနဲ့ တူညီတဲ့​ နေရာမှာ ရပ်​နေလို့ အဲ့ဒါ​ကြောင့် သူ သူတို့ကို မှားသွားတာ ဖြစ်နိုင်​လောက်တယ်။

အဲ့ဒီလို ​တွေးမိတဲ့​ နောက်မှာ စိတ်သက်သာစွာနဲ့ သက်ပြင်းချလိုက်သည်။  လူ​ချော​လေး က သူ ပထမဆုံး သိတဲ့ သူငယ်ချင်း ဖြစ်တဲ့အတွက် လူ​ချော​လေး ကို သားရဲဂြိုလ်ရဲ့ ​ဘေးအန္တရာယ် ကို ယူ​ဆောင်လာမယ့် မ​ကောင်းတဲ့လူ မဖြစ်​စေချင်ဘူး။ သားရဲဂြိုလ် ကို ဂြိုလ်သားသားရဲ​တွေ ဝင်လာတဲ့အချိန်မှာ ကမ္ဘာပျက်ကပ်တုန်းကလိုပဲ ဘယ်​နေရာ​သွားသွား၊ ဘယ်​နေရာ​ရောက်​ရောက်၊ လူ​တွေက ​နေ့တိုင်း အ​ကြောက်တရားနဲ့ ရှင်သန်​နေခဲ့ကြရသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now