Chapter 57 : သံသယရှိသူ

5.2K 879 15
                                    

Chapter 57 : သံသယရှိသူ

ရှဲ့စန်း မိုင်နဲ လုပ်​နေတာ​တွေကို မသိဘဲ လိုချင်တဲ့ အရုပ်ကို ချက်ချင်း မရသည့်အတွက် စိတ်ပျက်အားလျော့​သွားတဲ့ ကျားကြီးကို ပွတ်​ပေးလိုက်သည်။ ပြီး​နောက် သူက live streamမှ friend requestကို နှိပ်လိုက်သည်၊ သတိပေးချက် 999+ က ချက်ချင်း ပေါ်လာခဲ့ပြီး စာများလည်း ​ပေါ်လာခဲ့သည်။

တက်လာတဲ့ စာ အားလုံးနီးပါးက ကော်ပီကူးပြီး ကူးယူထားကြသည်၊၊

[သူငယ်ချင်းအဖြစ် ငါ့ကို Add ​ပေးပါ!]

ရှဲ့စန်း friend appအား အားလုံးကို ငြင်းပယ်ရန် သတ်မှတ်ထားလိုက်ပြီး ပိတ်ဆို့ပြီးနောက် 'ဖန်း' ကို သူငယ်ချင်းအဖြစ် ထည့်သွင်းခဲ့သည်။ သူ့ဦး​နှောက်ထဲမှာ ခန့်မှန်း​နေမိသည်။ ဧရာမ ကျားသားရဲ က အရပ် ၃ မီတာကျော်ရှိသောကြောင့် ကစားဖို့ ဘောလုံး က  အနည်းဆုံး အချင်းသုံးမီတာ ရှိရမယ်။

သူထပ်ပြီး​တွေးလိုက်တယ်။ 'တကယ်ကို သုံးမီတာ ရှိတဲ့  သံဘောလုံးကြီးဆိုရင် တန်၁၀၀နီးပါး ရှိလိမ့်မယ်၊ အဲဒီလို ဆိုရင် ဧရာမ ကျားသားရဲတောင် အဲဒါနဲ့ ကစားလို့မရ​လောက်ဘူး'။

 သူ ဖန်း ကို ​မေးလိုက်တယ် [မင်္ဂလာပါ ။ သိပ်သည်းဆ နိမ့်ပြီး မာကျောမှု မြင့်တဲ့ သတ္တုစပ်ရှိလား။ ဈေးက ဘယ်လောက်ရှိလဲ?]

ဖန်း [ရှိပါတယ်၊ မင်းလိုချင်တာကိုပြော​လေ ငါလုပ်ပေးမယ်။ ပိုက်ဆံ ​ပေးစရာ မလိုပါဘူး]

[အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူဌေးကို အခွင့်ကောင်း မယူနိုင်ပါဘူး။ မင်းငါ့ကို ပိုက်ဆံ မပေး​စေချင်ရင် ငါ တခြားကုမ္ပဏီကို ရှာရမယ်]

ဖန်း၊ [တစ်တန်ကို ၃၀,၀၀၀ ကျတယ်]

ရှဲ့စန်း "......."

အဲဒါက သတ္တုစပ်ဖြစ်ရင်တောင် အခဲတစ်တုံးက တန်၂၀နီးပါး ရှိလိမ့်မယ်။ အစ က သူ ပိုက်ဆံ​တွေ အများကြီး ရခဲ့တယ် လို့ ထင်ခဲ့​ပေမယ့် အခုတော့ သူ က အလွန်ဆင်းရဲနေသေးကြောင်း သူသဘောပေါက်သွားသည်။ ကျားကြီး လိုချင်တာကို ဝယ်ဖို့ ပိုက်ဆံ မလောက်ဘူး။ အဲဒါကို စဉ်းစားပြီး သူ ​မေးလိုက်တယ်

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now