Chapter 93: ဂုဏ်ယူပါတယ်!!!!

5.5K 832 13
                                    

Chapter 93: ဂုဏ်ယူပါတယ်!!!!

ဆရာဝန်ရဲ့ စကားကို ကြားပြီးနောက်၊ စာ​တွေ ခဏရပ်သွားပြီး ​ရောက်လာတဲ့ စာ​တွေ များလွန်းတာကြောင့် မျက်နှာပြင်  ပိတ်သွားခဲ့သည်။

[ငါ….. တစ်ခါတည်းနဲ့ ကိုယ်ဝန်ရှိတာလား? ဒါက သေချာပေါက် ကြွားလုံးထုတ်​နေတာပဲ!]

[ဒါက ကံကောင်းလွန်းတယ်။ နှစ်အတော် ကြာအောင် လက်ထပ်ပြီးတာ​တောင် ကိုယ်ဝန် မရ​သေးဘူး]

[? တင်ဆက်သူ က အထီး မဟုတ်ဘူးလား? အပင် သားရဲသခင်​တွေ က အထီးလည်း ကိုယ်ဝန် ရနိုင်တာလား]

[တင်ဆက်သူ၊ မင်းက ငါတို့ကို ပြောပြပါ။ ငရုတ်သီးဘယ်လောက်​တောင် စားခဲ့တာလဲ]

သူ့မှာ ကိုယ်ဝန်ရှိနေကြောင်း ကြားလိုက်ရ​တော့ ရှဲ့စန်းရဲ့ ဦးနှောက် က ဗလာဖြစ်သွားပြီး စာတွေကို မကြည့်​တော့​ပေ။

ဆက်နွယ်သားရဲတွေက​တော့ ​ပျော်ရွှင်နေသည်။ သူတို့အတွက် အမျိုးအနွယ် က အရေးကြီးတယ်။ ဘဝသစ် ရလာတော့ ဂုဏ်ပြုထိုက်တယ်။

သင်း​ခွေချပ် သားရဲကြီး က ရှဲ့စန်းရဲ့ ခြေဖဝါးကို နှာ​မောင်းဖြင့် ညင်သာစွာ ထိပြီး နမ်းလိုက်သည်။ 

{"အားစန်း၊ တောင်းပန်ပါတယ်။ မင်းမှာ ကလေးတစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရမှန်း ငါ မသိခဲ့ဘူး မဟုတ်ရင် မင်း အရှေ့မှာ ဆက်နွယ်မှာ မဟုတ်ဘူး”}

ရှဲ့စန်း မျက်တောင်ခတ်ပြီး အဖြစ်မှန် ကို ပြန်ရောက်လာသည်။ သူက နှာ​မောင်း ကို ခပ်ဖွဖွထိရင်း

{“ရပါတယ်၊ မင်းနဲ့ ဘာမှမဆိုင်ပါဘူး”} လို့ စိတ်ထဲက ပြန်ဖြေလိုက်သည်။ အသက် ပြင်းပြင်း ရှူလိုက်ပြီး မိုင်နဲရဲ့ ပခုံးကို ဆွဲလိုက်သည်။ 

"ငါ မတ်တပ် ရပ်ချင်တယ်"

မိုင်နဲ က တင်းမာတဲ့ အမူအရာဖြင့် သူ့ကို ဂရုတစိုက်ကြည့်လာသည်။ သူ့ရဲ့တင်းမာ​​နေတဲ့ သဘောထား ကို မြင်​တော့ အနည်းငယ် ဖြေလျှော့ကာ မတ်တတ်ရပ်လို့ ရ​အောင် ကူညီ​ပေးခဲ့သည်။

ရှဲ့စန်း က လုချင်းရှင်း ကို ဘာမှမဖြစ်ဘူးဆိုတဲ့ သ​ဘောဖြင့် ကြည့်လိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now