Chapter 56 : ဖြေရှင်းခြင်း

5.4K 891 35
                                    

Chapter 56 : ဖြေရှင်းခြင်း

ရှဲ့စန်း liveကို ပြန်ဖွင့်ဖို့ ပြင်လိုက်​​တော့ တင်ဆက်သူရဲ့ မျက်နှာပြင်က၊ ဘယ်ညာ ခွဲထားဆဲ ဖြစ်ပြီး၊ သူ့အား မျှော်လင့်တကြီး ကြည့်နေတဲ့ ဧရာမ ကြံ့သားရဲ ကို ​ပြောလိုက်သည်။ 

"ခဏစောင့်​နော်၊ မင်းရဲ့ ရှိုးပွဲ လာ​တော့မှာ" သူစဉ်းစားလိုက်ပြီး “တစ်​ယောက်ယောက် က လက်ဆောင်တွေ ထပ်ပို့ပေးလာရင် မင်းတို့ရဲ့ အော်သံ​တွေကို ထိန်း​ပေးပါ” လို့ သတိပေးခဲ့တယ်။

လက်မြှောက်ပြီး live ကို ပြန်ဖွင့်လိုက်ပြီး ဘယ်ဘက်​ထောင့် က ရုတ်တရက် ​​ပေါ်လာတာ​တွေ ကို ကြည့်လိုက်​တော့ ပါးစပ်ထောင့်များ လှုပ်ယမ်းသွားသည်။

[သားရဲ​တွေ က သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ကြဘူး။ အရင်က တွေ့လိုက်ရတဲ့ ဧရာမ ကျားသစ်သားရဲရဲ့ တုံ့ပြန်မှုကိုပဲ ကြည့်၊ တင်ဆက်သူ က များသောအားဖြင့် ပြင်းထန်လွန်းတယ်]

[Wow ထွက်လာပါ​တော့ဟ၊ မင်း သူတို့ကို အနိုင်ကျင့်လို့ မရဘူး​နော်]

ရှဲ့စန်း ​ပြောစရာ စကားမဲ့ သွားသည်။ ဒီကြည့်ရှုသူ​တွေရဲ့ ဦးနှောက်ပတ်လမ်း​တွေ က ဆိုးရွား​နေတာ မဟုတ်ဘူးလား။ သူ ​တွေးတောင် မတွေးခဲ့မိ​ချေ။ ဒီကောင်ကြီးတွေကို တစ်ယောက်ယောက် က ဘယ်လိုလုပ်ပြီး လေ့ကျင့်ပေးနိုင်မှာလဲ။ ပြီး​တော့ သူက ဘယ်မှာ အနိုင်ကျင့်​နေလို့လဲ။

သူ liveလွှင့်တဲ့ ခလုတ်ကို နှိပ်လိုက်သည်နှင့် ဆက်နွယ်သားရဲ​တွေ က ဘယ်ဘက် မျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာပြီး သူတို့ရဲ့ စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားကာ အမြီးများတွန့်၍ ရိုးသားစွာဖြင့် နေရာတွင် လှဲနေကြသည်။

"တောင်းပန်ပါတယ်၊ lineမကောင်းလို့ liveလွှင့်တာ ပြတ်တောက်သွားတယ်" ဟု ရှဲ့စန်း က လေးနက်တဲ့ပုံစံဖြင့် ပြောကြားခဲ့သည်။

[တင်ဆက်သူ က လိမ်​နေတာ၊ အာရုံစိုက်ပါ!!!]

[ဒါက မဖြစ်နိုင်တဲ့ ဆင်ခြေပဲ။ ဘယ်သူက ယုံမှာလဲ? ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ဆက်နွယ်သားရဲတွေကိုပဲ ကြည့်ခွင့်ပေး]

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now