Chapter 60 : အကုန်လုံး ရှုံးသွားတယ်

5K 932 7
                                    

Chapter 60 : အကုန်လုံး ရှုံးသွားတယ်

  ရှဲ့စန်း ပရိသတ်​တွေ ကို ဇုန်4-5 သို့ ဦးဆောင်ပြီး ​ခေါ်သွားခဲ့သည်။ ဆက်နွယ်သားရဲ​တွေ က သူတို့ဆီ အသည်းအသန် ပြေးလာသဖြင့် liveကြည့်​နေတဲ့သူ​တွေ အံ့အားသင့်သွားကြသည်။

ပရိတ်သတ်​တွေ က ထိတ်လန့်စွာ ကြည့်ရှုနေချိန် ဆက်နွယ်သားရဲ​တွေ အားလုံး က ရှဲ့စန်းနဲ့ ၂မီတာအကွာတွင် ရုတ်ခြည်း ရပ်တန့်သွားသည်။ သူတို့ရဲ့ ​အော်ရာ​တွေ ထွက်လာပြီး ချက်ချင်း အ​နောက် ပြန်ဆုတ်သွားကာ အချင်းချင်း အော်ဟစ် ပြောဆိုနေကြသည်။

[ဒါက သပ်ရပ်လွန်းတယ် မဟုတ်ဘူးလား? သူတို့က လူတွေကို တမင် ကြောက်​အောင် လုပ်နေတာလို့ ငါ သံသယဖြစ်မိတယ်!]

[တင်ဆက်သူ က အရမ်း ​တော်တာပဲ၊ သဘာဝအတိုင်း သက်သက်သာသာနဲ့ အဲဒီမှာ ရပ်နေတယ်၊ အားး!]

[ငါ သူငယ်တန်း က အတန်းပိုင် ဆရာ တစ်ယောက်လို ခံစား​နေရတယ်။ ဆရာ ရောက်လာရင် ဆိုးတဲ့ကလေးတွေ​တောင် ငြိမ်သွားလိမ့်မယ်]

ဧရာမ ကျားကြီး က ကလေးကဲ့သို့ ဆက်ဆံခံ​နေရသည် ကို သတိမထားမိဘဲ ပါးစပ်ကြီးဖွင့်ကာ ​*ချောင်ရှောင်းထံသို့ ဟိန်းဟောက်လိုက်သည်။ ပြောရမယ်ဆိုရင် ​ချောင်​ရှောင်း ကို အခုထိ မှတ်မိနေသေးသည်။ တောထဲမှာ၊ ​ချောင်​ရှောင်းနဲ့ ဆက်နွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့​ပေ။
(*T/N : eng translator က အခု အပိုင်းမှာ ​ချောင်​ရှောင်း လို့ ​ရေးထားပါတယ်၊ အရင် အပိုင်းတစ်ခုမှာ ​ချောင် သခင်​လေး လို့ ​ရေးဖူးတယ်ဆို​တော့ ကိုယ်ထင်တာ​တော့ ​ချီ​ရှောင်း မဟုတ်ဘဲ ချောင်​ရှောင်း က အမှန် ဖြစ်မယ်ထင်တယ်)

ဟိန်းဟောက်ပြီးနောက် ဧရာမ ကျားကြီး က သူ့ရဲ့ခြေ​ထောက် ကို မြှောက်ကာ ရှဲ့စန်းဆီ ဆန့်လိုက်သည်။

ရှဲ့စန်းရဲ့ လက်က သူ့ရဲ့ ခြေဖဝါးကို ညင်သာစွာ ထိလိုက်ပြီးနောက် ဧရာမ ကျားကြီးရဲ့ အသံက သူ့စိတ်ထဲတွင် ​ပေါ်လာသည်။

{"လူနှစ်ယောက်က လွဲရင် ကျန်တဲလူ​တွေ က မဆိုးဘူး"}

ရှဲ့စန်း က အနောက်ကို ပြန်ကြည့်ရင်း သူပြောနေတဲ့ လူနှစ်ယောက်ကို ချက်ချင်း သဘောပေါက်သွားပြီး

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now