Chapter 32 : လွှင့်ပစ်ခြင်း

5.1K 1K 19
                                    

  အစိမ်းရောင် ဝတ်ထားတဲ့ ကောင်လေး က သူ့ကျောပိုးအိတ်ထဲ က အချက်ပြတစ်ခု ကို ထုတ်ယူလိုက်ပြီး အချက်ပြဖို့ သူ့လက် ကို မြှောက်လိုက်သည်။ သို့သော် ထိတ်လန့် တုန်လှုပ်​နေသဖြင့် သူ့လက် တုန်ခါသွားပြီး မီးတောက် သည် ​အ​ပေါ်မ​ရောက်ဘဲ ထောင့်ဖြတ် ဖြတ်ပြေးသွားကာ မြင့်မားသောသစ်ပင်၏ ပင်စည်ကို ထိမှန်သွားခဲ့သည်။

"မင်း ဘာ​တွေ ဖြစ်နေတာလဲ?!" 

သူ့နောက်က ကောင်လေးတွေ က မျက်နှာတွေ နီရဲပြီး စိုးရိမ်စိတ်နဲ့ အော်လာကြသည်။

“​တော်လိုက်​တော့၊ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထား။”

 အခြားကောင်လေးက သူ့လက်ထဲမှာ တောက်ပြောင်တဲ့ဓားမြှောင်တစ်လက်ကို ကိုင်ထားပြီး ဝင်လာမယ့် လမ်းကို သတိထားပြီး ကြည့်နေသည်။

​တောရိုင်း​ခွေး ၁၂​ကောင် က သူတို့ဆီ ​ပြေးလာပြီး သူတို့ကို ဝန်းရံထားလိုက်သည်။ ၄​ယောက်စလုံး မျက်နှာပျက်သွားပြီး ​ဘေး၊ဘယ်၊ညာ ကြည့်ကာ တ​ဖြေး​ဖြေး ​နောက်ဆုတ်သွားသည်။ ​တောရိုင်း​ခွေးများ၏ မျက်လုံးများ က ​လောဘနှင့် ​တောက်ပ​နေပြီး လည်​ချောင်းထဲမှ ရန်လိုသည့်အသံ ထွက်​ပေါ်လာသည်။

."ငါ ​တော်​တော် သနားစရာ ​ကောင်းတာပဲ၊ ၁၀၀၀၀၀ ​လောက် အတွက်နဲ့ ငါ့အသက် ​သေ​တော့မယ်!!!"

“ဂျူလော့စ်က သူတို့ဒီမှာရှိတယ်လို့ ​ပြောပေမယ့် သူတို့က ရုတ်တရက် ​ပျောက်သွားတယ်၊ ငါတို့ လှည့်စားခံလိုက်ရပြီ!"

“ပါးစပ်ပိတ်ထား” စကားမပြောရသေးတဲ့ ကောင်လေးက ကြိမ်းမောင်းလိုက်သည်။ 

“သူတို့ ​နေရာက ​ရွေ့နေတယ်”

သူစကား ​ပြောပြီးသည်နှင့် တပြိုင်နက် သူတို့ပတ်ဝန်းကျင်ရှိ ​တောရိုင်းခွေးများက သူတို့ကို တိုက်ခိုက်ကြပြီး ခဏကြာတော့ မြင်ကွင်းသည် ဖရိုဖရဲဖြစ်​နေခဲ့သည်။

မကြာခင်မှာပဲ သွေးနံ့က လေထဲကို ပျံ့နှံ့သွားသည်။ အစိမ်းရောင်ဝတ် လူလေးဦးနှင့် ​တောရိုင်း​ခွေးများ အားလုံး ဒဏ်ရာရသွားကြသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now