Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း

5.3K 946 45
                                    

Chapter 55 : ​စောင့်ကြည့် စစ်​ဆေးခြင်း

ရှဲ့စန်းသည် ဆက်နွယ်သားရဲများ အကြောင်း ဆွေးနွေးမှုများ ပြည့်နှက်နေသည့် ပို့စ်ကို နှိပ်လိုက်သည်။ ပို့စ်တွင် screenshotsများစွာ တင်ထားခဲ့ပြီး ဆက်နွယ်သားရဲ​တွေကို ရူးသွပ်စွာ ချီးကျူးခဲ့ကြပြီး အားလုံး က မော်ဒယ်တစ်​ယောက်ရဲ့ အရူးအမူး ပရိတ်သတ်​တွေကဲ့သို့ ဖြစ်​နေသည်။

[Holy shit!၊ ဒီliveက ဘယ်လို​တောင် အံ့သြစရာကောင်းတဲ့ liveလဲ။ live ရဲ့ အခန်းနံပါတ်ပေး]

reply က ​များလွန်းသဖြင့် စာက ပျောက်လုနီးပါးဖြစ်သွားသည်၊၊ စက္ကန့်ပိုင်းအတွင်း live ချန်နယ် ကို တင်ရန် ပို့စ်တင်သူအား တိုက်တွန်းသည့် [မြန်မြန်​ပေးပါ] ဆိုတဲ့ စာက များလာသည်။ ပို့စ်တင်တဲ့သူ က မြန်မြန် ဆန်ဆန်နဲ့ လင့်ခ်ကို တင်​ပေးထားသည်။

ဒါပေမယ့် မကြာခင်မှာပဲ နောက်ပိုင်း ပို့စ်တင်တဲ့သူတွေက ရှုပ်​ထွေး​နေတဲ့ အကြည့်နဲ့ ပြန်ဖြေလာတယ်။

[?? မင်း လာနောက်​နေတာလား? ဒီချန်နယ် က liveမရှိဘူး​လေ]

[ဒီပုံ​တွေ က အတုဖြစ်ရမယ်။ ဆက်နွယ်သားရဲ​တွေ က လွန်ခဲ့တဲ့ ရက်အနည်းငယ် သစ်တောအစွန်းမှာ ရှိနေကြတာ​လေ၊ အဆင့်မြင့် ဆက်နွယ်သားရဲ​တွေ က ဒီ​လောက် နာခံမှုရှိတာကို အံ့သြမိတယ်။ သူတို့ကို အိမ်မွေး တိရစ္ဆာန်​တွေ အဖြစ် ဆက်ဆံခံ​နေရတာလား?]

[အဲလို မပြောပါနဲ့ ၊ သူတို့ က ​​တော်တော်ကောင်းပါတယ်။ သူတို့ကို ရှာပါ၊ ဆက်သွယ်ဖို့ အချက်အလက်ကိုချန်ထား​ပေးပါလား၊ Aအဆင့် ဆက်နွယ်သားရဲ​တွေနဲ့ အနီးကပ် ထိတွေ့ခွင့်ရဖို့၊ စိတ်ကူးယဉ် အိပ်မက် ကို အကောင်အထည် ဖော်ဖို့ စဉ်းစားပေးကြပါ]

မေးခွန်း​တွေ ဆက်တိုက် ထွက်ပေါ်လာပြီးနောက်၊

[ငါ  မလိမ်ဘူး​။ ဒါ ငါ့ရဲ့ screenshot​တွေ ပါ​၊ စိတ်တိုလိုက်တာ!!! တင်ဆက်သူ liveလွှင့်တာ အရမ်း ကောင်းလွန်း​တော့ အချက်အလက် ကို လိမ်ထားတယ်လို့ မှားယွင်းယူဆပြီး ပိတ်လိုက်တယ်​လေ။ တကယ့်ကို အမှိုက်လို လက်ထောက်ပဲ။ စိတ်ဆိုးလွန်းလို့ပါ!]

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now