Chapter 106: ဘွဲ့ နှင်းသဘင်

4.1K 733 11
                                    

Chapter 106: ဘွဲ့ နှင်းသဘင်

ရှဲ့စန်းရဲ့ စားသောက်ပွဲ က အရမ်း ကောင်းမွန်ခဲ့သည်။ ကံကောင်းတဲ့ ပရိသတ်တွေနဲ့ ဖိတ်ကြားထားတဲ့ သူငယ်ချင်းတွေ က သူတို့ရဲ့ အစားအသောက် ကို ကျေနပ် အားရစွာဖြင့် စင်ပေါ်မှာ စားနေကြပြီး ထိုင်နေကြသည်။ ပရိတ်သတ် တော်တော် များများက အရင် အတွေ့အကြုံအရ သူတို့နဲ့အတူ အသားခြောက်တွေ ယူလာတာကြောင့် အမွှေးနံ့တွေ ကို အနံ့ခံကာ စားသောက်ကြပြီး ပျော်ရွှင်၍ စိတ်ဆင်းရဲနေကြသည်။

ပွဲပြီးဖို့ ၁နာရီ နီးပါးလောက် ကြာသွားသည်။ အားလုံး က သူတို့ ဗိုက်​တွေ ပြည့်နှက်တဲ့ အထိ စားပစ်လိုက်ကြသည်။ ပရိသတ်တွေနဲ့ သူငယ်ချင်းတွေ က ရှဲ့စန်း ကို ကျေးဇူးတင်ကြပြီး ကျေနပ်စွာနဲ့ ပြန်သွားကြသည်။

ရှဲ့စန်းနဲ့ မိုင်နဲ အိမ်ပြန်ရောက်တော့ ရှဲ့စန်း သူ့ဗိုက် ကို ကိုင်လိုက်ရသည်။ 

"ငါ လမ်းလျှောက်မှ ရမယ် မဟုတ်ရင် ထိုင်ခုံမြင်ပြီး ထိုင်ချင်နေလိမ့်မယ်၊ ငါ ထိုင်ချလိုက်ရင် ဗိုက်ပွင့်သွားလိမ့်မယ်"

သူက အခု နောက်ပိုင်းတွင် ပိုစားလေ့ရှိပြီး ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကို ပထမဆုံး စစားတဲ့ အချိန်နဲ့ မတူဘဲ အမြဲတမ်း စားချင်နေခဲ့သည်။ ဒီနေ့တော့ လေထု က ကောင်းလွန်းသည်၊ သူ့ဘေးနားရှိ လူတွေ စားကောင်းနေတာကြောင့် သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ပေ။

မိုင်နဲ က လက်​ဆန့်ပြီး ထိ​လိုက်​သည်​။ "အစာကြေဆေးသောက်ချင်လား"

“မသောက်ဘူး၊ ဆေးသောက်တာ က ကျန်းမာရေးအတွက် မကောင်းဘူး” ရှဲ့စန်း ခေါင်းယမ်းလိုက်သည်။ "အတူတူ လမ်းလျှောက်ကြရအောင်"

သူတို့ နှစ်​​ယောက်​ က​ သူတို့အိမ် ​အဝင်​ဝမှ ဆက်နွယ်သားရဲတွေ ​နေထိုင်​ရာ ​နေရာသို့ ​လျှောက်​လာကာ ခဏ​လောက် ​​နေပြီး ဖြည်းဖြည်းချင်း ပြန်လျှောက်သွားသည်။

သူ အိပ်ရာမှ နိုးလာပြီးနောက် မိုင်နဲ က ရှဲ့စန်းကို ဖျော်ရည်တစ်ခွက် ပေးသည်။ ရှဲ့စန်း က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်သောက်ပြီး သတင်းကို ကြည့်လိုက်သည်။ သတင်းစာမျက်နှာ ကို စားသောက်ပွဲ က လွှမ်းမိုးထားတယ်။ သူက သတင်းကို မဖတ်တော့ဘဲ ကလစ်နှိပ်၍ နာမည်အကြီးဆုံး ပို့စ်ကို ဖတ်လိုက်သည်။ သူက မြန်မြန် ဖတ်လိုက်သည်။ တုံ့ပြန်မှု အများစု က ကော်ပီကူးထားတဲ့ အာမေဋိတ် အသံများ ဖြစ်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now