Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း

4.5K 760 7
                                    

Chapter 103 : လူအများရှေ့ ချက်ပြုတ်ခြင်း

ရှဲ့စန်း မှတ်ချက်တွေ ကို မြင်ပြီး အချိန်ကို မသိစိတ် က လှမ်းကြည့်မိသည်။ 

'ညနေ ၃ နာရီပဲ ရှိသေးတယ်။မနက်ဖြန် ၁၀နာရီမှာ ငါးပြုတ် တစ်ပိုင်းလောက် စားရဖို့အတွက် တစ်ညလုံး အပြင်မှာ စောင့်နေမယ်'

ဒါက ဘယ်လိုတောင် အစားကြိုက်တဲ့ စိတ်ဓာတ်မျိုးလဲဟ။

ဘရန့်ဒ်ဂြိုလ်ရှိ လူတွေက သနားစရာ ကောင်းလွန်းတယ်လို့ သူထပ်ပြီး ခံစားလိုက်ရသည်။ စားဝတ်နေရေး အရ ပြောရမယ် ဆိုရင် သူတို့ဟာ သနားစရာ ကောင်းသည်။ သူက မိုင်နဲရဲ့ ပခုံးကို ​ကိုင်​လိုက်​သည်​။ 

"မင်းတို့ ငယ်ငယ်ကတည်းက ကောင်းကောင်း မစားရဘူးလား? မင်းရော?"

မိုင်နဲ "ကိုယ်က နေသားကျ​နေပါပြီ"

ရှဲ့စန်း က မျက်နှာ အမူအရာ မပြောင်းဘဲ အာဟာရ ဖျော်ရည် ကို ဘယ်လို သောက်ကြလဲ ဆိုတာကို တွေးလိုက်မိသည်၊ အဲဒါကို တကယ်ကို ကျင့်သားရနေကြတာပဲ၊ သူဆိုရင် ဆိုးတဲ့ တစ်ခုခုကို သောက်လိုက်မိတာနဲ့ ငြိမ်နေန်ုင်မှာ မဟုတ်ဘူး။

သူတို့ ၂ယောက် နောက်တစ်နေ့ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီးနောက် ဆက်နွယ်သားရဲတွေ ကို အတူတကွသွားကြည့်ကြသည်။ လင်းယုန်ငှက် က မပျံနိုင်သေးသော်လည်း လျင်မြန်စွာ သွားလာနေပြီး နေရာတွင် အိပ်ကာ ငှက်တစ်ကောင်နှင့် မကြာခဏ စကားစမြည်ပြောလေ့ရှိသည်။

အနားရှိ အဖော်များစွာကြောင့် သားရဲတွေ က ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူတို့ရဲ့ စိတ်လွတ်မှု အခိုက်အတန့်တွေ လျော့ကျသွားသော်လည်း လူတွေကို အရမ်း သတိထားဆဲဖြစ်သည်။

ရှဲ့စန်း မှလွဲ၍ သူတို့ က ကုလျှို၊ ပိုင်ကျောင်း နှင့် ပါးပါးပိုင်တို့ ရှိတဲ့ ဝန်းကျင်၌သာ သက်တောင့်သက်သာ ရှိခဲ့ပြီး မိုင်နဲနဲ့ လောင်ထန်းတို့ က ရှဲ့စန်းရဲ့ ကုမ္ပဏီတွင် အကြိမ်ပေါင်း များစွာ စစ်ဆေးနေခဲ့ကြသည်။ သို့သော် သူစိမ်းတွေနဲ့ တွေ့တဲ့အခါ တုန်လှုပ်နေကြဆဲ ဖြစ်သည်။

ရှဲ့စန်းနဲ့ မိုင်နဲ ဝင်လာတော့ ပါးပါး ပိုင် နဲ့ ပိုင်ကျောင်း က ထိုနေရာတွင် ရှိနေခဲ့သည်။ သူတို့ကို နှုတ်ဆက်ပြီးတော့ ပါးပါး ပိုင် က အပြင်ကို လှမ်းကြည့်ကာ “အပြင်သွားပြီး စကားပြောရအောင်” လို့ ပြောလာသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now