Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း

5.6K 1K 20
                                    

Chapter 50: ပူး​ပေါင်း ​ဆောင်ရွက်ခြင်း

ကျင်းကျန် က မကြာခင် တရားဝင် ကြေငြာချက် ထွက်လာခဲ့သည်။ 'အဆင့်မြင့် ဆက်နွယ်သားရဲများ က ​ရောင်းရန် မဟုတ်ပါ' ဟု ​ရေးသားထားခဲ့သည်။

ရှဲ့စန်း စိတ်​ကို ​အေး​အောင် ထားလိုက်ပြီး ဆက်နွယ်သားရဲ​တွေကို နှုတ်ဆက်ကာ အစာကျွေးတဲ့ ဌာနက​နေ ထွက်သွားခဲ့သည်။ ကျင်းကျန်ရဲ့ တံခါးဝမှာ သူတို့လေးယောက် သပ်သပ်စီ ခွဲသွားကြသည်၊၊ ပိုင်​ကျောင်း က အိမ်ပြန်သွားသည်၊၊ ​လောင်ထန်း က သူ့အဖိုးဆီ သွားပြီး ရှဲ့စန်း နဲ့ မိုင်နဲ က သူ့နောက်က လိုက်သွားသည်။

ရှဲ့စန်း နှင့် မိုင်နဲ တို့ တိုက်ခန်းကို ပြန်လာကြပြီး ရေချိုးပြီး အဝတ်အစား လဲရန် သူတို့၏ အိပ်ခန်းသို့ ချက်ချင်းဝင်သွားကြသည်။

ရှဲ့စန်း တီရှပ်အပွနှင့် ဒူး​လောက်ရှည်တဲ့ ဘောင်းဘီကို လဲကာ ဆံပင်ကို ခြောက်​အောင် သုတ်လိုက်သည်။ ထို့နောက် အာလူး စွပ်ပြုတ်ထဲ ဖရဲသီး အခွံတစ်ဝက်ခန့် လှီးဖြတ်ကာ ချက်လိုက်သည်။ ပန်းကန် တစ်လုံးထဲ ထည့်ထားပြီး မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။

နှစ်ယောက်သား နေ့လည်စာ အတူတူ စားကြပြီး မိုင်နဲ က ပန်းကန်တွေကို ဆေး​ပေးခဲ့သည်။

ရှဲ့စန်း ဆိုဖာပေါ်တွင် ထိုင်၍ သတင်း ကြည့်ပြီး အချိန်ဖြုန်းရန် အဆင်သင့် ဖြစ်နေသော်လည်း သူ စတားနက်ဒ် ထဲသို့ ဝင်လိုက်သည်နှင့် ထွမ်းထွမ်း က "ချစ်ပ်" ​အော်သံ​ပေးပြီး ပြတင်းပေါက်မှ ပြေးဝင်လာခဲ့သည်။

ကော်ဖီ စားပွဲပေါ် တိုက်ရိုက် ဆင်းသက်လိုက်ပြီး သူ့ရဲ့ အတောင်တိုလေးတွေ နဲ့ ရှဲ့စန်း ကို ညွှန်ပြလိုက်သည်။ ပါးစပ်က ​တောက်​လျှောက်​ အော်​နေပြီး ​ခြေ​ထောက်ကို ​စောင့်နင်းကာ ​စားပွဲ​ပေါ်တွင်​ သောင်းကျန်း​နေသည်။ သူ့လေသံက ဒေါသ အရမ်းထွက်နေပုံ ရပေမယ့် သူ့အသံက ​သေးငယ်ပြီး ကြွပ်ဆတ်​နေတာ​ကြောင့် ရှဲ့စန်း က ဒေါသကို မခံစားရ​ပေ။

ဒေါသတကြီးနဲ့ လူသား တစ်ယောက်လို သူ့ခြေထောက်ကို ​စောင့်ပြီးနင်းနေမှန်း မသိခင် အချိန်အထိ ရှဲ့စန်း ခဏလောက် ကြည့်နေခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now