Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်

4.7K 791 21
                                    

Chapter 89 : ကောက်ကျစ်တဲ့ အကြံဥာဏ်

ဆက်နွယ်သားရဲတွေ က ရှဲ့စန်း စကားကို ကြားတော့ အရှိန်လျှော့ပြီး သူ့ရှေ့တွင်ရပ်ကာ ညည်းတွားလိုက်ကြသည်။ အဲဒါကို မြင်​တော့၊ Live roomထဲရှိ ကြည့်ရှုသူတွေ က ဆက်နွယ်သားရဲတွေ ကို ချက်ချင်းပဲ ချီးကျူးလာကြတယ်၊

[အရမ်း ဥာဏ်​ကောင်းတာပဲ] [​တော်လိုက်တာ]

[တင်ဆက်သူ က ဆက်နွယ်သားရဲ​တွေ ကြားထဲမှာ အခုထိ နာမည်ကြီးနေတုန်းပဲ]

ရှဲ့စန်း ဆက်နွယ်သားရဲ​တွေ အားလုံးကို တစ်​ကောင်စီ ပွတ်သပ်​ပေးလိုက်ရာ သူ့စိတ်ထဲ တွင် သူတို့ နေရာ အသစ်၌ ပျော်​ကြောင်း၊ ဒီ​နေရာ ကို အရမ်း ကြိုက်ကြောင်း စသည့် စကားလုံး​တွေဖြင့် ပြည့်နှက်နေ သည်။

ရှဲ့စန်း က {"မင်းတို့ ကြိုက်တယ်ဆို​တော့ ကောင်းတာ​ပေါ့။ အရမ်း ကောင်းရတဲ့ အဓိက အကြောင်းအရင်း က တော့ မင်းတို့ အကြံဥာဏ်​တွေ ဒီ ဒီဇိုင်းထဲမှာ ပါ​နေလို့​လေ"}

သူပြောတာ က ရိုးရိုးပဲ ဆို​ပေမယ့် တကယ်တော့ ဒါက အမှန်ပါပဲ။ ဆက်နွယ်သားရဲ​တွေရဲ့ အ​လေ့အကျင့် အရ၊ အိမ် ကို အဓိက ဧရိယာ ၂ ခု သတ်မှတ်ထားပြီး၊ စားသောက်တဲ့ ​နေရာ၊ ဧည့်ခန်း ​နေရာ ဟူ၍ ပိုင်းခြားထားသည်။

ဧည့်ခန်းထဲတွင် အိပ်ရန်နေရာများနှင့် ဖျော်ဖြေရေး လုပ်တဲ့ နေရာများ ပါရှိသည်။ နေထိုင်ရာ ဧရိယာ က စတုဂံပုံ ဖြစ်ပြီး ဖျော်ဖြေရေး ဧရိယာ ကို အလယ်တွင် ထားကာ သားရဲ​တွေရဲ့ နေအိမ်များဖြင့် ဝန်းရံထား၍ နေအိမ် တစ်ခုစီ ကို သူတို့ရဲ့ စိတ်ကြိုက်ပြင်ဆင်မှုများ ပြုလုပ်ထားသည်။

ဘေးမှာ ရေကန်ကြီးတစ်ခု ရှိ​နေပြီး ဧရာမ ဆင်သားရဲ​တွေရဲ့ နေရာ ဖြစ်မယ်။ ကြီးမားတဲ့ အိမ်ကြီးများ အတွင်း၌ အလွန် မြင့်မားတဲ့ လှေကားများ ပါရှိပြီး လှေကားများသည် လိမ်ကာ ကွေ့ပတ်သွားကြသည်။ သူတို့သည် အ​ပေါ်မှနေ၍ အခြား အိမ်သို့ တက်နိုင်သည်။ ဧရာမ သင်း​ခွေချပ် သားရဲရဲ့ နေအိမ်တွင် တွင်းတူးနိုင်ပြီး ​မြေကြီးများကို သိမ်းဆည်းထားနိုင်သည့် ထောင့်တစ်ခု ပါရှိသည်...

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now