Chapter 112: Extra One

4.4K 709 13
                                    

​ပျော်ရွှင်စရာ​ကောင်းတဲ့ မြန်မာ့နှစ်သစ် ဖြစ်ပါ​စေရှင့်☺☺☺

Chapter 112: Extra One

ညနေစောင်းတွင် နေရောင် က တောက်ပနေပြီး လေ က ပူပြင်း ခြောက်သွေ့နေသည်။ သို့သော် ထူးထူးခြားခြား အေးချမ်းနေတဲ့ နေရာတစ်ခု ရှိခဲ့သည်။ ဆက်နွယ်သားရဲတွေ နေထိုင်ရာ နေရာအနီးရှိ မြေကွက် က ပြောင်းလဲသွားသည်၊ ခြံစည်းရိုး အနီးတွင် စိမ်းလန်း စိုပြေတဲ့ သစ်ပင်တွေ ရှိနေကာ မြေပြင်ပေါ်တွင် သစ်ပင်အရိပ်များကျနေတာကြောင့် မြေကြီးပေါ်တွင် စိမ်းလန်းတဲ့ မြက်ခင်းများ ပေါက်လာခဲ့သည်။ တစ်ချက် ကြည့်လိုက်တာနဲ့ စိမ်းစိုနေသည်။

ထိုအချိန်တွင်၊ အမြီးတွေ ကို ဝှေ့ယမ်းကာ တီးတိုးတီးတိုးဖြင့် လူလုပ် မြစ်ကမ်းနံဘေးတွင် သပ်သပ်ရပ်ရပ် လှဲနေကြသည်။ မြစ်နဲ့ မနီးမဝေးတွင် နေကြာပန်း တစ်ပွင့်ရှိနေသည်။ ပွင့်ချပ်တွေ က သဘာဝ အတိုင်း လုပ်ထားတဲ့ နေရောင်ခြည်ကာ ထီးကဲ့သို့ ဖြစ်နေပြီး မြစ်က ပန်းပွင့်တွေရဲ့ အရိပ်တွင် ကွယ်နေသည်။

မြစ်ထဲတွင် ကြီးမားသော အခွံနှစ်ခု ကို ၉၀ဒီဂရီ အထိ ဖွင့်ထားပြီး ကြီးမားကာ လုံးဝိုင်းတဲ့ အဖြူရောင်ပုလဲတစ်လုံး ကို ပေါ်လွင်နေသည်။ ပုလဲရဲ့ အလင်းရောင်ကြောင့် အခွံအတွင်းမှ အဖြူရောင်အလင်းနှင့် ရောင်စုံအလင်းတန်းများ က ရေထဲတွင် ထင်ဟပ်နေပြီး ထူးထူးခြားခြား လှပနေသည်။

ပုလဲရဲ့ အလင်းတန်း က အောက်ခြေမှ၊ ရေမျက်နှာပြင်ကို ဖြတ်၍ လွင့်မျောနေစဉ် အဖြူရောင် အရုပ်ကလေး သူ့နံဘေးတွင် အိပ်နေသည်။ သူ က အနက်ရောင် ဆံပင်နဲ့ အနက်ရောင် မျက်လုံးတွေ ရှိသည်။ အရမ်း သိမ်မွေ့ပြီး ချစ်စဖွယ် ကောင်းနေသည်။ သူ့မျက်တောင်တွေ က စုတ်တံ တစ်ချောင်းလို ရှည်လျားနေသည်။ မျက်တောင်လေးတွေ လှုပ်သွားသည်။

စပါးအုံးမြွေရဲ့ အမြီး က ရေထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားနေသကဲ့သို့ လှုပ်လိုက်သည်၊ ကမာခွံ က လှေငယ်နှင့် တူသည်။ ကမာခွံ အတွင်း၌ အရုပ်ကလေးသည် လှုပ်ခါသွားတော့ ငြိမ့်သက်စွာ လှဲလျောင်းနေရာမှ သမ်းဝေနေလေသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now