Chapter 40 : အစီအစဥ်

5.4K 1K 28
                                    

Chapter 40 : အစီအစဥ်

ရှဲ့စန်း မိုင်နဲကို အံ့သြစွာ ကြည့်လိုက်သည်။ သူက အပင်ဆက်နွယ် သားရဲသခင် ဖြစ်တာ သူသိ​နေတာလား? သူ ဘယ်တုန်းက သိခဲ့တာလဲ?မဟုတ်​သေးဘူး၊ သူ က လုံးဝမဟုတ်​သေးဘူး။

ရှုတာ့ ရယ်လိုက်သည်။ "ငါ မင်းကို ပြောခဲ့သားပဲ၊ မင်းတို့က အတူတူနေကြပြီး၊ မင်းနဲ့ အရမ်း ရင်းနှီးတယ်​လေ၊သူမသိဘူးဆိုတာ မဖြစ်နိုင်ဘူး"

ရှဲ့စန်း က မိုင်နဲ ကို အမှန်အတိုင်း မပြောပြခဲ့ပုံကို တွေးမိကာ ရယ်မောလိုက်သည်။ သူက စီးပွားရေး အ​ကြောင်း လမ်း​ကြောင်းပြောင်းပြီး ရှုတာ့ကို လက်ပြလိုက်သည်။

"ကံမကောင်းစွာပဲ၊ ကျွန်​တော်လည်း မကူညီနိုင်ဘူး၊ ဘာလို့ အပင် မပေါက်လာတာလဲ ဆိုတာ မသိဘူး"

"အဆင်ပြေပါတယ်" ရှုတာ့၏ စိတ်ပျက်မှု ကလျင်မြန်စွာ ပျောက်ကွယ်သွားပြီး ​​​ပြောလာခဲ့သည်။

"အပင်သုတေသနက ရေရှည် လုပ်ရတာ၊ ငါ က မျှော်လင့်ချက် ကို မစွန့်လွှတ်ချင်ဘူး​လေ၊ အဲဒါ​ကြောင့် မင်းကို ငါလာမေးတာ"

ရှဲ့စန်း အနည်းငယ် စပ်စုချင်သွားပြီး "အဖိုးလည်း အဖွဲ့အစည်း မှာ အလုပ်လုပ်နေတာလား?"

ရှုတာ့ ခဏ​လောက် တုန်လှုပ်သွားပြီး ပြုံးကာပြောလာသည်။

"ငါက အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ပါ။ ငါ့အလုပ်က အနားယူပြီးတဲ့ နောက်မှာ ငါ စိတ်ဝင်စားတဲ့ အပင်တွေကို သုတေသန လုပ်​နေတယ်"

ရှဲ့စန်းခေါင်းညိတ်လိုက်သည်။ "အိုး.. အဲဒါက ဒီလိုပါလား"

ရှုတာ့ နှုတ်ဆက်ဖို့ ထလိုက်ကာ တစ်ချက် စဉ်းစားပြီး

" ​ပြောရမယ် ဆိုရင် မင်းရဲ့ အထောက်အထား ကို လူတော်တော် များများက သံသယရှိ​နေကြတယ်၊ မာချွင် ကို ​မေးဖို့ လူတော်တော်များများက ဖုန်းဆက်လာကြတယ်။ သူက အမြဲတမ်း မရေရာတဲ့ တုံ့ပြန်မှုတွေ ပေးတတ်ပေမယ့် အဲဒီလူတွေ အားလုံးက မှန်းဆနိုင်ကြတယ်"

"ဘာ​တွေ ခန့်မှန်း​နေကြတာလဲ?" ရှဲ့စန်း မေးလိုက်သည်။

"​သေချာတာ​ပေါ့၊ မင်းက အပင် ဆက်နွယ်သားရဲ သခင်မှန်း သူတို့ ခန့်မှန်း​နေကြပြီ"

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now