Please!!!

1.2K 117 21
                                    

Hello သရဖီပါရှင့်။ ကိုယ် ပြောချင်တာလေး ရှိလို့ပါ။

ကိုယ်ရဲ့ ဘာသာပြန်တွေ ကို ဖတ်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကို ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း အရင် ပြောပါရစေနော်။

ကိုယ် ရင်လာဖွင့်တာပါရှင့်။ အရင်တုန်းက ဒီလို ပြောဖို့ အစီအစဉ် မရှိပေမယ့် ဒီရက်ပိုင်း ခံစားနေရတဲ့ ရောဂါကြောင့် စိတ်ဓာတ်ကျချင်သလို ဖြစ်နေလို့ပါ။

Readerလေးတွေ အထဲမှာ တစ်ချို့ က spoiler မသိမသာပေးတာ ကြိုက်တယ်၊ တစ်ချို့ကျ မကြိုက်ဘူးပေါ့နော်။ တစ်ချို့ က စာပိုဒ်ကြားထဲ T/N ထည့်တာ မကြိုက်ကြဘူး၊ တစ်ချို့ကျတော့လည်း ဘာမှ မပြောကြပါဘူး။ တစ်ချို့ကျတော့ novelထဲ က characterနဲ့ ပတ်သက်ပြီး ပြောကြတယ်။

လူအမျိုးမျိုး စိတ်အထွေထွေ ရှိတဲ့ အတွက် ကြိုက်တယ်၊ မကြိုက်ဘူး စသည်ဖြင့် comment ပေးတာတွေ က မျိုးစုံ ရှိကြတယ်ပေါ့နော်။ စိတ်ထဲ ရှိတဲ့အတိုင်း commentရေးပေးကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။ ကိုယ် commentတွေတိုင်း ဖတ်ပါတယ်။ အခု နောက်ပိုင်း reply မပြန်ဖြစ်တာပဲ ရှိတာပါ။

ကိုယ့်ရဲ့ ခံစားချက်ကို ရင်ဖွင့်တာပါနော်။ ဘယ်သူ့ကိုမှ ရွှဲ့ပြော၊ စောင်းပြောတာ မဟုတ်ပါဘူးရှင့်။ တစ်ခြား လူတွေ အတွက်တော့ မသိဘူး။ ကိုယ့် အတွက်တော့ wattpad က စိတ်ပင်ပန်းတာတွေ ဖြေဖျောက်တဲ့ oasis လေး တစ်ခုပါ။ ကိုယ့်စိတ်ထဲ ရှိနေတာတွေ ကို ဘယ်သူ့ကိုမှ မငဲ့ဘဲ ကိုယ့်စိတ်ထဲ ရှိတာ ထုတ်ပြောလို့ ရတဲ့ နေရာလေး တစ်ခုပေါ့။

အင်း... အရင်တုန်းကတော့ ကိုယ့်ရဲ့ T/N နဲ့ spoiler မသိမသာလေး ရေးပေးတတ်တယ်ပေါ့နော်။ Readeလေးတွေ အကြံ ပေးကြတာတွေကိုလည်း ကိုယ် မှတ်ထားပါတယ်ရှင့်။ တစ်ချို့က မကြိုက်ဘူး ပြောကြတော့ အခုနောက်ပိုင်းတော့ အဲဒါတွေ သိပ်မရေးဖြစ်တော့ပါဘူး။

ဒါပေမဲ့ ကိုယ် ပြောချင်တာ က တစ်ချို့ readerလေးတွေ မကြိုက်ပေမယ့် ကိုယ် ကြိုက်တယ်လေ။ အဲဒီတော့ ကိုယ် ရေးဖြစ်ရင်လည်း ရေးဖြစ်မယ်။ မရေးဖြစ်တဲ့အခါလည်း မရေးဖြစ်ဖူးပေါ့။

'ကိုယ့်ပတ်ဝန်းကျင် က လူတွေ က မလုပ်ပါနဲ့ လို့ ဝိုင်းပြောပြီး တားကြရင်တောင် ကိုယ် ကြိုက်တာ ဆိုရင် လုပ်ဖြစ်ကြတယ် မဟုတ်ဘူးလား?'

🎉 You've finished reading အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETED 🎉
အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now