Chapter 88 : နှုတ်ဆက်ခြင်း

4.6K 820 6
                                    

Chapter 88 : နှုတ်ဆက်ခြင်း

ရှဲ့စန်း မှတ်ချက်တွေ ကို ကြည့်လိုက်သည်။ လူတချို့ က သူ့ကို မသိကြဘဲ ဘယ်သူလဲ လို့ မေးနေကြပြီး လူအုပ်ကြီးက သူ့ကို ဘာမှ ပြန်မပြောဘဲ ချက်ချင်း ကန်ထုတ်ပစ်လိုက်တယ်။

တစ်ယောက် က အံ့သြသွားခဲ့သည်။ [အထီး? ဘရန့်ဒ်ဂြိုလ်ရဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားချက် က တစ်ခုခု မှားနေတာလား။ ငါးမန်းကြီး အပေါ်မှာ အမ က မတ်တပ်ရပ်ရဲတယ်၊ ဘယ်လိုတောင် သတ္တိရှိတာလဲဟ!!!]

[ဟုတ်ပ၊ တစ်ခုခု မှားနေတာ သေချာတယ်။ သူ့အရပ်ကိုပဲ ကြည့်လိုက်၊ သေချာတယ်... သူက အမပဲ]

ရှဲ့စန်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ့အရပ်က အဆင့်အတန်း မှီပါတယ်နော် ဟုတ်ပြီလား?

[လက်ပတ်မှာ ရှိတဲ့ အချက်အလက် မှတ်တမ်းမှာ တင်ဆက်သူ က အထီး ဆိုတဲ့ အကြောင်း ရှင်းရှင်းလင်းလင်းကြီး ဖော်ပြထားတယ်​လေ။ အရပ် က *၂.၈ မီတာတောင် ရှိတယ်]
(*၆ပေ ၈လက်မကျော် ရှိပါတယ်)

[ဟုတ်တယ်၊ ဟုတ်တယ်၊ တင်ဆက်သူ၊ တင်ဆက်သူရေ...မင်းကို လာရှာမလို့ ၊ငါ့ကို စောင့်နေပေးနော်၊ အားးးးး ဧရာမ ငါးမန်းကြီးနဲ့ အတူတူ ဓာတ်ပုံရိုက်ရဖို့ ဒူးထောက်နေပါတယ်]

ရှဲ့စန်း က အဲဒါကို မြင်တော့ "သူတို့က သေမင်းတမန် ရေထဲ ကို မသွားဘူးလား" လို့ မေးလိုက်တယ်။

လန်နီ က နှုတ်ခမ်းတွန့်ရုံ ပြုံးသွားသည်။ 

"သူတို့က အစွန်းကနေ ပြန်လာကြတာ။ မင်းရဲ့ ဗီဒီယိုထဲမှာ အရမ်း ကြီးတဲ့ ပင်လယ်သတ္တဝါကြီး ၃ကောင် ကို ပြခဲ့တယ်လေ၊ ဒါပေမယ့် အပြာရောင် ဝေလငါးကြီးလည်း ရေအစပ်မှာ ရှိနေတယ်"

ရှဲ့စန်း အံ့သြသွားသည်။ အဲ့ဒီမှာ အပြာရောင် ဝေလငါးကြီး ရှိတာက အဓိပ္ပါယ်ရှိပါတယ်။ ဒါပေမယ့် ပင်လယ်ထဲက သတ္တဝါကြီးတွေ က ဘာလို့ အဲဒီမှာ ရှိနေတာလဲ။ ဝေလငါးပြာ က အဲဒီနေရာမှာ စောင့်နေလောက်မယ် ဟု တွေးကာ ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။

 "ဟိုမှာ သွားလိုက်ဦးမယ်။ သူတို့ကို နှုတ်ဆက်ရုံ *သက်သက်ပါ"
(T/N :*ဒီ သက်သက် က စကားလုံးနော်၊ ၊ Line ပေါ်က ပျောက်သွားတဲ့ ဟိုအဖွားကြီး မဟုတ်ဘူး )

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now