Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း

5.2K 894 4
                                    

Chapter 58 : ​တွေ့၍ နှုတ်ဆက်ခြင်း

ရှဲ့စန်း မိုင်နဲရဲ့ ပေါ့ပေါ့ပါးပါး ညည်းညူသံ ကို ကြားရပြီး​နောက် ​ဟောင်ဖန်းရဲ့ နောက်လာမည့် မက်ဆေ့ချ်ကို ကြည့်ရန် အချိန်မီ လှမ်းကြည့်လိုက်သည်။ 

​ဟောင်ဖန်း ၊ [အေးဆေးလုပ်ပါ၊ မင်းရဲ့ယောက်ျားကို ငါ စိတ်မဝင်စားဘူး။ ဧရာမ ဝံပုလွေသားရဲအကြောင်းပဲ သူ့ကို ​မေးချင်တာ]

ရှဲ့စန်း မိုင်နဲ နဲ့ အလုပ် တွဲလုပ်နေတဲ့ စက်ရုပ်ထုတ်လုပ်​ရေး ကုမ္ပဏီရဲ့ သူ​ဌေး ​ဟောင်ဖန်း ဆိုတဲ့ နာမည်ကို မှတ်မိနေခဲ့သည်။ ​ဟောင်ဖန်း က ဧရာမ ဝံပုလွေသားရဲအကြောင်း ပြောနေတာမြင်တော့ သူက မိုင်နဲ ကို မေးလိုက်သည်။

"သူက 'ဖန်း' လား?

မိုင်နဲ က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ သူက ဧရာမ ဝံပုလွေသားရဲ သခင်​လေ”

ရှဲ့စန်း တွေးကြည့်​တော့ အံ့သြစရာ မဟုတ်ပေ။ “သူက liveမှာ လက်ဆောင်တွေ အများကြီး ပေးခဲ့တယ်။ ငါ သူ့ကို သတ္တုစပ် ဘောလုံးကို စိတ်ကြိုက်လုပ်ခိုင်းပြီး မှာထားသေးတယ်”

“​တွေ့တယ်” ဟု မိုင်နဲ က ဆိုသည်။ "အဲဒါ ကို ကိုယ်​ တွေ့တယ်"

ရှဲ့စန်း အနည်းငယ် အံ့အားသင့်သွားပြီး ဂျူ​လော့စ်ကို သတ်ဖို့ သွား​နေချိန် မိုင်နဲ liveကို ကြည့်ဖို့ မမျှော်လင့်ခဲ့ပေ။ မိုင်နဲရဲ့ လက်​​ချောင်း​တွေက မျက်​နှာ​ ဘေးက​နေ လည်​ပင်း တစ်​ဖက်​ကို လျှောကျသွားသည်။ သူ့မျက်လုံး​တွေ က သူ့ကို စူးစိုက်ကြည့်နေသည်။

 "ကိုယ် မင်းကို တစ်ချိန်လုံး စောင့်ကြည့်​နေချင်တယ်"

ရှဲ့စန်းရဲ့ နှလုံးသား တုန်လှုပ်သွားပြီး မရယ်ဘဲ မ​နေနိုင်​ပေ။ မိုင်နဲရဲ့ စကား​တွေက ပိုပိုပြီး သဘာဝ ကျလာတယ်​။ သူ့လက်ကို မြှောက်ကာ မိုင်နဲ လက်ကို ဆုပ်ကိုင်လိုက်ပြီး ကစားလိုက်သည်။ ခဏလောက် စဉ်းစားပြီး

“သူက ဘယ်လိုလဲ? တကယ်လို့ သူက ​ကောင်းတယ် ဆိုရင် ငါ သူ့ကို ကူပြီး ဧရာမ ဝံပုလွေသားရဲကြီး ကို ဘယ်လိုထင်လဲ လို့ မေး​ပေးနိုင်ပါတယ်”

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now