Chapter 44: တိုက်ခိုက်ခံရခြင်း

5.2K 1K 20
                                    

ကိုယ် မိုးမိပြီး ဖျား​နေတာ ၃ရက် ရှိ​ပြီ၊ နှာစီးပြီး နှာ​ခေါင်းပိတ်​နေလို့ပါ၊ ဒီရက်​တွေ စာမတင်ဖြစ်ခဲ့ရင် သက်သာတာ နဲ့ တန်းပြီးတင်​ပေးမယ်​နော် ၊ ကိုယ် gpထဲ​တောင် မဝင်ဖြစ်ဘူး ဖြစ်​နေတယ် ၊ သတင်းလာ​မေးကြတဲ့သူ​တွေ ကိုလည်း ​ကျေးဇူးတင်ပါတယ်ရှင့် 🤎🤎🤎

Chapter 44: တိုက်ခိုက်ခံရခြင်း

ရှဲ့စန်း၏ ယာဉ်ပျံသည် ရှင်းချန် မြို့ဝင်ပေါက်ဆီသို့ တစ်လမ်းလုံး ပျံသန်းခဲ့ပြီး အစစ်ဆေးခံရန် ဆင်းသက်ခဲ့သည်။ သူတို့ အရှေ့တွင် စစ်ဆေးရေး ယာဉ်များနှင့် ယာဉ်တန်းရှည်ကြီး တစ်ခု ရှိ​နေသည်။

​လောင်ထန်း က ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်ပြီး အံ့သြသွားသည်။

 "လူတွေ အများကြီး ရှိ​နေတယ်"

ယာဉ်​မောင်း က “လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက နေ့တိုင်း အဲဒီလို ဖြစ်နေတာ။ ငါတို့ ကုမ္ပဏီရဲ့ ယာဉ်​တွေ အကုန် မအားဘူး။ ကြိုတင်ပြီး မမှာထားဘူးဆိုရင် အချိန် နည်း​နည်း​လေးနဲ့ ​ယာဥ်တစ်စီး မရနိုင်ဘူး” သူ သက်ပြင်းချလိုက်ပြီး

 “အန္တရာယ်ဇုန်က သွားရတာ သိပ်မလွယ်ဘူး။ မကြာသေးခင် က လူ​တော်​တော် များများ ဒုက္ခရောက်ခဲ့ကြတယ်။ မင်းက အရမ်းငယ်သေးတယ်၊ ထပ်ပြီး မစဥ်းစားဘူး ဆိုတာ သေချာလား"

“မစဥ်းစား​တော့ဘူး” မိုင်နဲ က ပြောလိုက်သည်။

ရှဲ့စန်း ယာဉ်၏ အရှိန်ကိုကြည့်ကာ 'တန်းစီတဲ့ အရှေ့ရောက်ဖို့ နောက်ထပ် ၁၀မိနစ်​လောက် လိုမယ်' ဟု ခန့်မှန်းခဲ့သည်။ တောနက်ကြီး အကြောင်း သတင်းတွေကို ဖတ်ဖို့ သူ့လက်ပတ်ကို ဖွင့်လိုက်ပေမယ့် Starnet ကိုဖွင့်လိုက်တာနဲ့ မိုင်နဲ​ကော့စ် အကြောင်း ခေါင်းစဥ်တစ်ခုကို တွေ့လိုက်ရသည်။

[​ကော့စ် မိသားစု သည် မိုင်နဲ ​ကော့စ် နှင့် အဆက်အသွယ် ဖြတ်ကြောင်း ကြေညာသည်။]

ရှဲ့စန်း တွေးကြည့်မိသည်။ ဒီလို အချက်အလက်မျိုးတွေကို ဖုံးကွယ်ထားလို့ မရတာကြောင့် မိုင်နဲရဲ့ ရှေ့မှာ လက်ကို ထားပြီး သတင်းဖတ်ဖို့ ညွှန်ပြလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now