Chapter 23

5.7K 1.1K 92
                                    

Chapter 23: အထင်လွဲခြင်း

ရှဲ့စန်း မကြာခင်မှာပဲ အစာ​ကျွေးတဲ့ဌာနနဲ့ အကျွမ်းတဝင် ဖြစ်လာခဲ့သည်။ သူ့အတွက် အံ့သြစရာ က ပုံမှန်ဆိုရင် ဆက်နွယ်သားရဲ​တွေကို အစာ​ကျွေးတာက​နေ စွမ်းအင်မရ​လောက်ဘူးလို့ သူ​တွေးထားခဲ့​သည်။ သူဒီ​လောက်အထိရလိမ့်မယ် လို့ မ​မျှော်လင့်ထားခဲ့​ချေ။

ဆက်နွယ်သားရဲ တစ်မျိုးစီတိုင်းမှာ အထူးသီးသန့် အစာ​ကျွေးသူ​တွေ ရှိ​​ပြီး ထုံးစံအတိုင်း ဒီအလုပ်လုပ်ဖို့ အရည်အချင်းရှိကြ​ပေမယ့်  ဖြစ်စဥ်က အမြဲတမ်း တုန်လှုပ်ချောက်ချားနေပါသည်။ အမှန်မှာ၊ တိရစ္ဆာန်များသည် အစာကိုမြင်သောအခါ ဆင်ခြင်ဥာဏ်မရှိကြ​တော့ပေ။ ရှဲ့စန်း ၏အကူအညီဖြင့်၊ အစာကျွေးသည့်အလုပ်များသည် ပိုမိုလွယ်ကူလာပြီး ပိုမိုမြန်ဆန်လာကာ ဆက်နွယ်သားရဲများနှင့် တိုက်ခိုက်ရန် ၊ညှစ်ကစားခံရန် မလို​တော့​ချေ။

ဒါကြောင့် အစာ​ကျွေးသူတိုင်းက ရှဲ့စန်း ကို စွမ်းအင်ပြန်ပေးကြသည်။

ရှဲ့စန်း သည် အလုပ်မှထွက်လာသောအခါ စနစ် မှ စွမ်းအင်တန်ဖိုးကို ကြည့်ပြီး ကျေနပ်သောမျက်နှာဖြင့် ပြုံးလိုက်သည်။

စွင်းမောင်းက သူ့ကိုဒီလိုမြင်တော့ အံ့သြသွားခဲ့သည်။ အစာကျွေးခြင်းလုပ်ငန်း အထူးသဖြင့် B အဆင့် အထက် တိရိစ္ဆာန်များကို အစာကျွေးနေသော ရှဲ့စန်း အတွက် ရုပ်ပိုင်းဆိုင်ရာအလုပ်ဟု ယူဆလို့ရသည်။ အစားအစာပမာဏက အံ့ဩစရာဖြစ်ပြီး အစားအစာကို ကောက်ဖို့တောင် မလွယ်​ပေ။

ရှဲ့စန်း ၏ပုံစံသည် အရပ်ရှည်သော အထီးများ ကြားထဲတွင် သေးငယ်လှသည်။ စွင်း​မောင်းက ခံနိုင်ရည်ရှိမည်ဟု တွေးထား​ပေမယ့် နေ့ခင်းတိုင်း အလုပ်ရှုပ်​နေသည့် ကြားထဲ တောက်ပစွာ ပြုံးနိုင်သေးမယ်လို့ မ​မျှော်လင့်ထားခဲ့​ပေ။

စွင်း​မောင်း သည် ရှဲ့စန်း ၏ ပခုံးကို ပုတ်ပြီး “ကောင်းလို​ကောင်း လုပ်ခဲ့တာပဲ!”

ရှဲ့စန်း က ချက်ချင်းပဲ "ကျွန်တော် ဆက်ပြီး ကြိုးစားပါ့မယ်"

ရှဲ့စန်း က အလုပ်ပြီးတာနဲ့ တိုက်ခန်းကို တန်းတန်းမတ်မတ်ပြန်သွားခဲ့သည်။ ကျင်းကျန် သည် မိုင်နဲ ၏တိုက်ခန်းနှင့် သိပ်မဝေးပါ။ ပြန်​ရောက်သွားတဲ့အချိန် ခြောက်နာရီမထိုးသေးဘဲ မိုင်နဲ က ပြန်မလာ​သေး​ပေ။ ညစာချက်ရန် မီးဖိုချောင်ထဲသို့ လှမ်းဝင်ကာ နုတ်နုတ်စင်းတဲ့ အသား​တွေကို ယူလိုက်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now