Chapter 98: ဂြိုလ်သား သားရဲ​တွေ

4.3K 794 13
                                    

Chapter 98: ဂြိုလ်သား သားရဲ​တွေ

ရှဲ့စန်း လင်းယုန်ငှက်ကို မြင်လိုက်ရတော့ ဒေါသထွက်ကာ ဝမ်းနည်းသွားသည်။ သူ သားရဲရဲ့ လည်ပင်းတစ်ဖက်ကို ထိရန် ပြေးသွားလိုက်သည်။ နှုတ်သီးပွင့်လာတာ ကို မြင်​တော့

{ "ဘာမှ မပြောနဲ့။ ငါ မင်းကို ကုသပေးဖို့တစ်ယောက်ယောက် ကို ​ခေါ်လိုက်မယ်"}

လင်းယုန်ငှက်ရဲ့ အခြေအနေ က အရမ်း ဆိုးရွားနေပုံရတာကြောင့် သူ မနှောင့်နှေးဝံ့ပေ။ စွင်း​​မောင်း ထံ အမြန်ဆက်သွယ်ခဲ့သည်။

"ကျွန်​တော့်ဆီ ကို အကောင်းဆုံး ဆရာဝန်​တွေ ပို့ပေးပါ။ ရနိုင်သမျှ အကုန် လိုချင်တယ်။ အိမ်ကိုလာ မြန်မြန်လာခဲ့ပေး!"

စွင်း​မောင်း က သူ့ရဲ့ တုန်တုန်ယင်ယင် အသံကို ကြားလိုက်ရသည်။ "ဘာဖြစ်တာလဲ?" Liveကို ဖွင့်ရင်း မေးလိုက်သည်။ လင်းယုန်ငှက် အ​ခြေအ​နေ ကို မြင်လိုက်ရ​တော့ သူ့အမူအရာ က ချက်ချင်း ပြောင်းသွားသည်။

"မင်း စိတ်​အေး​အေးထား၊ ငါ တယောက်ယောက် ကို ချက်ချင်း ပို့ပေးလိုက်မယ်"

လင်းယုန်ငှက်ရဲ့ ထိခိုက်မှု က ​ပေါ့​သေးသေး မဟုတ်ပေ။ မိုင်နဲ က ထုံးစံအတိုင်း programတွေ ရေးဆွဲနေချိန် အခန်းထဲမှာ liveကို ဖွင့်ထားခဲ့သည်။ လင်းယုန်အော်သံကို ကြား​တော့ ဖန်သားပြင်ကို ​မော့ကြည့်လိုက်သည်။ ရှဲ့စန်းရဲ့ နဖူးပေါ် က သွေး​တွေ ကို မြင်လိုက်ရပြီး တုန်လှုပ်သွားကာ အောက်ထပ်သို့ ​ပြေးဆင်းလာခဲ့သည်။

ရှဲ့စန်း စွင်း​မောင်းနဲ့ ဆက်သွယ်ပြီးချိန်မှာ မိုင်နဲ က ပွေ့ဖက်ပြီး ခေါင်းမှ သွေး​တွေကို သုတ်ကာ "စိတ်​အေး​အေးထား" ဟု ပြောခဲ့သည်။

ရှဲ့စန်း အသက် ပြင်းပြင်းရှူပြီး လင်းယုန်ငှက် ကို ကယ်တင်နိုင်တဲ့ လူတွေအားလုံး ကို တွေးကြည့်လိုက်သည်။

"မုလင်း နဲ့ အား​ကျောင်း၊ အား​ကျောင်း က လင်းယုန်ငှက် ကို ပိုသိတယ်။ သူတို့ကို အကူအညီတောင်းပါ"

ဆက်နွယ်သားရဲ​တွေ က ဒဏ်ရာ​နေချိန် အရမ်း ခုခံကာကွယ်ကြပြီး သူတို့ကို သိတဲ့သူနဲ့သာ ဆက်ဆံရ လွယ်ကူသည်။ မုလင်း က ဆက်နွယ်သားရဲ သုတေသီတစ်ဦးဖြစ်ကာ သားရဲ​တွေ ကို ​သေ​သေချာချာ သိပြီး သူတို့ကို သက်တောင့်သက်သာ ဖြစ်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာကို နားလည်သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now