Chapter 51: တွယ်ကပ်​နေခြင်း

6.1K 947 37
                                    

Chapter 51: တွယ်ကပ်​နေခြင်း

မိုင်နဲ က ရှဲ့စန်း ကို ချီလိုက်ကာ ရှဲ့စန်းရဲ့ အိပ်ခန်းတံခါးကို ကန်ဖွင့်လိုက်ပြီး​နောက် ​ခြေ​ထောက်ဖြင့် ကန်၍ ပြန်ပိတ်ပစ်လိုက်သည်။ သူက ရှဲ့စန်းကို ကုတင်ပေါ် တင်လိုက်ပြီး  ရှဲ့စန်း ကို သူ့အောက်မှာ ထားလိုက်သည်။ သူ့ကိုယ်သူ လက်တစ်ဖက်ဖြင့် ​ထောက်လိုက်ပြီး ရှဲ့စန်းရဲ့ ဘောင်းဘီ ကို အခြားတစ်ဖက်နှင့် ဆွဲယူလိုက်သည်။

ရှဲ့စန်း သူ့ခြေထောက်​တွေ ကို ကွေးလိုက်သည် ။ သူရဲ့  လုပ်ဆောင်ချက်ကို ကြည့်ပြီး မရယ်ဘဲ မ​နေနိုင်ဖြစ်သွားသည်။ မိုင်နဲ က သူ့ကို ငုံ့ကြည့်သည်။ သူ က

"ဘာရယ်တာလဲ?"

ရှဲ့စန်း က သူ့့လည်ပင်းကို ဆွဲချကာ နမ်းလိုက်သည်။ “ဒါက mission မဟုတ်ဘူး။ အလျင်စလို လုပ်စရာမလိုပါဘူး။ တခြား လုပ်စရာတွေ ရှိ​သေးတယ်”

တစ်နာရီ ကြာပြီးနောက် ရှဲ့စန်း ခေါင်းအုံးထောင့်ကိုကိုက်ရင်း အိပ်ယာပေါ်တွင် လဲလျောင်းနေသည်။ လွန်ခဲ့တဲ့ တစ်နာရီက သူ့ကိုယ်သူ ဝက်ခေါင်းဖြစ်တဲ့ အထိ ထိုးကြိတ်ပစ်ချင်​နေသည်။

လုပ်နိုင်တာတွေ အများကြီးရှိပြီး အတွေ့အကြုံ မရှိတဲ့ မိုင်နဲ က ပြီးခဲ့တဲ့ ၁နာရီ ဒါမှမဟုတ် အဲဒီထက် ပိုတဲ့အချိန်တွင်းမှာ အရည်အချင်းရှိတဲ့ ခုန်ပျံကျော်လွှားမှုတစ်ခု လုပ်ခဲ့သည်။ ပျော်စရာ ကောင်းတဲ့ အရုပ်တစ်ရုပ်ကို ရလိုက်သလိုပဲ မိုင်နဲရဲ့ လူးလှိမ့်ခြင်း ကို ခံခဲ့ရပြီး သူ့ခန္ဓာကိုယ်ရဲ့ ​နေရာတိုင်းမှာ အမှတ်အသား ချန်ထားခဲ့ဖို့ စိတ်အားထက်သန်နေခဲ့သည်။

ကောင်းတဲ့ အချက် က ဆက်နွယ်သားရဲ အဖွဲ့အစည်းမှ ရခဲ့သော သတိပေးချက် ကို သူ မှတ်မိနေသေးသည်၊ အဲဒါကြောင့် သူတို့ ၂​ယောက် က နောက်ဆုံး အဆင့်သို့ မတက်ခဲ့ပေ။ ခြေတစ်လှမ်းမျှသာ ရှိသော်လည်း အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။

ရှဲ့စန်း ခြေထောက်ရွှေ့ကာ ခြေကျင်းဝတ် အား ကိုက်နေ​သော ချောမောတဲ့လူ ကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲမှာ​တော့ ခွေးကြီးတစ်​ကောင်နဲ့ မခြား​ပေ။ သူ ​ပြောစရာ စကားမရှိ ဖြစ်သွားသည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now