Chapter 70 : အမ

5.4K 820 24
                                    

Chapter 70 : အမ

ရှဲ့စန်း ခရီးသည် ထိုင်ခုံတွင် ထိုင်လိုက်သည်။ မိုင်နဲ  လွန်းပျံယာဉ်ကို ရပ်လိုက်တာ မြင်တော့ အပြင်ကို လှမ်းကြည့်လိုက်သည်။ သူတို့က တိုက်ခန်းမှာ မဟုတ်ဘဲ စူပါမားကတ်မှာ ​ရောက်​နေသည်။

 “တစ်ခုခု ဝယ်ချင်လို့လား” ဟုမေးလိုက်သည်။ "အိမ်မှာ အသားတွေ အလုံအလောက် ရှိသေးတယ်​လေ”

လွန်းပျံယာဉ် က နွေးထွေးတဲ့ အဝါရောင်ဖြင့် လင်းနေပြီး အလွန်တောက်ပခြင်း မရှိ​ပေ။ အလင်းရောင်က မိုင်နဲရဲ့ မျက်နှာ​ပေါ် ကျ​ရောက်​နေပြီး မှိန်ဖျော့တဲ့ အရိပ်တစ်ခု ဖြစ်​ပေါ်​နေသည်။ ရှဲ့စန်း ကို ကြည့်​နေရင်း သူ့မျက်လုံးတွေ အနည်းငယ် မှိန်သွားသည်။

“အင်း... တစ်ခုခု ဝယ်ဖို့ လိုတယ်။ လွန်းပျံယာဉ်ပေါ်မှာ ကိုယ့်ကို စောင့်​နေ"

ရှဲ့စန်း က သိပ်စဉ်းစားမနေဘဲ တံခါးကို ဖွင့်ဖို့ အသင့်ပြင်လိုက်သည်။ "ငါ မင်းနဲ့လိုက်ခဲ့မယ်​လေ"

“မလိုဘူး” မိုင်နဲ က ချက်ချင်း ပြန်ပြောသည်။ "မင်း ကိုယ့်ကို ဒီမှာစောင့်​နေ"

ရှဲ့စန်း မျက်ခုံးပင့်လိုက်သည်။ ထူးဆန်း​နေတာ ကို သူချက်ချင်း ခံစားလိုက်ရသည်။ မိုင်နဲ က ဘယ်လောက်​ တွယ်ကပ်​​နေ​ခဲ့သလဲ၊  ဒီလို​ သေးငယ်​တဲ့ ကိစ္စအတွက်​ သူနဲ့အတူလိုက်​ဖို့ သူ့ရဲ့ကမ်းလှမ်းမှု ကို ငြင်းဆန်​ဖို့ အကြောင်းပြချက်​ မရှိ​ချေ။ ရှဲ့စန်းရဲ့ အတွေး​တွေ များလာပြီး သူ့တွင် မှန်းဆချက်တစ်ခု ရှိလာခဲ့သည်။ သူ့ကို လက်ဆောင်ပေးဖို့၊ အံ့အားသင့်သွားအောင် လုပ်ချင်ခဲ့တာ ဖြစ်မယ် ဆိုတော့ ကြိုပြီး မပြောနိုင်​လောက်ဘူး​လေ။ ရှဲ့စန်း က ဒီအကြောင်းကို ပိုတွေးလေလေ ဖြစ်နိုင်လေလေ ဟု တွေးကာ ပြုံးလိုက်သည်။ 

“ကောင်းပြီ၊ ငါ မင်းကို ဒီမှာစောင့်နေမယ်"

မိုင်နဲ က အရမ်းမြန်​တယ်​။ သူထွက်သွားပြီး သုံးမိနစ်လောက်ကြာ​တော့ ပြန်လာခဲ့တယ်။ ရှဲ့စန်း က သူ့လက်ဗလာကို ကြည့်ပြီး သူ ဘာဝယ်ထားတာလဲ သိချင်တဲ့အတွက် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now