Chapter 54 : Live streaming

5.1K 916 47
                                    

Chapter 54 : Live streaming

ရှဲ့စန်း Starrnet ထဲသို့ ဝင်လိုက်သည်။ ပထမဦးဆုံး သူ ဘရန့်ဒ်ဂြိုလ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အဆင့်များကို စစ်ဆေးလိုက်သည်။ ပြီး​နောက် လက်​ဆောင် ပေးသည့် ဝန်ဆောင်မှုများနှင့် liveလွှင့်မှု ဆိုင်ရာ လိုအပ်ချက်များကို စစ်ဆေးရန် ပထမတစ်ခု ဖြစ်တဲ့ ထရီလ် ရဲ့ အချက်အလက် စာမျက်နှာကို သွားကြည့်ခဲ့သည်။ သူက အဲဒါကို ကြည့်ပြီး ရိုးရှင်းစွာ ပြောရရင် လိုအပ်ချက်တွေမရှိဘူး လို့ ကောက်ချက်ချခဲ့တယ်။

မင်း က နိုင်ငံသား ဖြစ်သရွေ့၊ မင်း က တင်ဆက်သူ ဖြစ်လာနိုင်သည်။ တခြား လိုအပ်ချက် မရှိ​ပေ။ liveလွှင့်မှု လုပ်ရန် သက်ဆိုင်ရာ ကိရိယာများသာ လိုအပ်ပြီး ထုတ်လွှင့်သည့် အကြောင်းအရာ မလိုအပ်တာကြောင့်၊ အရွယ်ရောက်ပြီးသူနဲ့ ဆိုင်​တဲ့ ပရိုဂရမ် အပါအဝင် မည်သည့်အရာကို မဆို ထုတ်လွှင့်နိုင်သည်၊ မှန်ကန်တဲ့ groupကို ရွေးချယ်ဖို့ပဲ လိုသည်။

သူ ဆက်နွယ်သားရဲများထံ ရလဒ်များကို ပြန်​ပြောပြီးနောက် {"ဘာ လွှင့်ဖို့ စဉ်းစားပြီးပြီလဲ"} ဟု စပ်စုကာ မေးလိုက်သည်။

{"တိုက်ပွဲ!"} ကျားကြီး က အခွင့်ကောင်း ယူပြီး ​ပြောလာသည်။

အစက်အ​ပြောက်နဲ့ ကျားသစ်က {"ငါ က ချစ်ဖို့ကောင်းတာ လုပ်နိုင်တယ်"} ဟု တိုးတိုးလေးပြောသည်။

ကျားသစ်နက်က {"အဲဒါဆို ငါ က ရုပ်ချောတာ လုပ်မယ်"}

ဧရာမ ဝံပုလွေသားရဲ {"ငါ သီချင်း ဆိုနိုင်တယ်"}

ဧရာမ ကြံ့သားရဲ၊ {"ငါ ကြံ့ဦးချိုနဲ့ ​ကျောက်တုံး​တွေကို ဖြိုနိုင်တယ်"}

ခြင်္သေ့ကြီး၊ {"ငါ ခြင်္သေ့ရဲ့ ဟိန်းဟောက်သံ လုပ်​ပေးတယ်"}

ဆင်ကြီးနှစ်ကောင် က {"ငါတိူ့ကို ရေတစ်ပုံးပေးပါ၊ ရေဖြန်း ပြလို့ရတယ်"}

ရှဲ့စန်း အံ့သြသွားသည်။ အဲဒါဆို သူတို့က စကားပြောရုံတင် မဟုတ်ဘဲ၊ အကြောင်းအရာကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြတာပဲ။ ပြီးတော့ အလွန် ယုံကြည်စိတ်ချရတဲ့ အသွင်အပြင် တစ်ခုလည်း ရှိ​နေတယ်။ ဧရာမ ကြံ့သားရဲရဲ့ စွမ်းဆောင်မှု က တီဗီမှာ ပြတဲ့ ရင်ဘတ်ကို ဖိပြတဲ့ ကျောက်တုံးကြီးကြောင့် လှုံ့ဆော်ခံရသည် ဟု သူသံသယရှိခဲ့သည်။

အပင်စနစ်နဲ့အတူ သားရဲကမ္ဘာသို့ ကူးပြောင်းသွားခြင်း (ဘာသာပြန်) COMPLETEDWhere stories live. Discover now