ဒီစာစဥ်ကို ဘာလို့ pick လဲ ပြောပြမယ်

753 41 1
                                    

သွမ့်လင်းထျန် မျက်လုံး ဖွင့်လိုက်ချိန်၌ သူသည် အာကာသထဲတွင်ဖြစ်ပြီး နေရာတိုင်းတွင် ကြယ်များရှိနေကြောင်း တွေ့လိုက်၏။
     
       “ဒါတွေက ကြယ်တွေလား"
      သွမ့်လင်းထျန်သည် အထူးတလည်တောက်ပနေသော ကြယ်များကို အာရုံစိုက်လိုက်သည်။
      ‘ငါ ရန်ဟောင်ဂြိုလ်ကို ပြန်ရောက်သွားသလိုတောင် ခံစားရတယ်....ဒါပေမဲ့ ဒီဂြိုလ်က မတည်ငြိမ်သလို ဒီနေရာကလည်း မသန်မာဘူး...'

      “သွားရအောင်"
     တိယွင်လုံသည် သွမ့်လင်းထျန်နှင့် တခြားသူများကို ဦးဆောင်၍ ပြောလိုက်သည်။

     ယခုအချိန်၌ လူများစွာက တိုက်ပွဲကြည့်ဖို့ ရောက်နေပြီဖြစ်သည်။ သူတို့၏ မျက်လုံးများသည် သူတို့ ရှေ့တွင်ရှိသောလူနှစ်ယောက်ပေါ်သို့ တစိုက်မတ်မတ် ကျရောက်နေသည်။

      တစ်ယောက်မှာ ခမ်းနားသော နက်ရွှေရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့်  အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏ ဆံပင်နှင့် မျက်ခုံးမွေးများက ဖြူသော်လည်း အရပ်ရှည်ရှည်နှင့် ခပ်တောင့်တောင့်ဖြစ်သည်။

     နက်ရွှေရောင်၀တ်ရုံ၀တ်အဘိုးအိုနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသူမှာ...တီရှပ်အင်္ကျီနှင့် ကမ်းခြေ၀တ်ဘောင်းဘီတို ၀တ်ထားသော ခေါင်းတုံးဆံတောက် ဆံပင်ကေဖြင့် ခပ်ချောချောလူတစ်ယောက်ဖြစ်သည်။ သူ၏ မျက်လုံးများကို ဖုံးအုပ်ထားသည့် နေကာမျက်မှန်တစ်လက်ကိုလည်း တပ်ထားသည်။

    ထိုအချိန်တွင် ခပ်ချောချောလူသည် သူ၏ လက်ကို လှုပ်ကာ ပါးစပ်ထဲ တစ်စုံတစ်ခု ပစ်ထည့်၍ ဝါးနေလိုက်သည်။
    
    သွမ့်လင်းထျန်သည် ရုပ်ချောချောလူ၏ လက်ထဲက ပီကေထုပ်ကို ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။ သူ ကြိတိကြောင်တောင်ဖြင့် တွေးလိုက်၏။
     ‘သူ...သူက တကယ်စကြာ၀ဠာအင်ပါယာ စွန်းဝူခုန်းလား....စွန်းဝူခုန်းက မျောက်မဟုတ်ဘူးလား....ဘာလို့ သူက ကမ္ဘာပေါ်ကလူငယ်တစ်ယောက်လို ပုံစံဖြစ်နေတာလဲ....စွန်းဝူခုန်းက အမြဲ ဒီလို...စတိုင်ကျနေတာလား"

ဟုတ်ကဲ့။စွန်း၀ူခုန်း ရဲ့ပုံစံကို ကြွေသွားမိလို့ pick တာပါရှင်။😁😁😁😁

ချင်နန် နဲ့ ရီမိုလေး ongoing မှီမှ ဒီဟာလေးဘက်လှည့်မှာပါရှင့်

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now