၅၅၆ - ၅၆၀

155 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၅၆)သစ္စာဖောက်ခြင်း

     လက်ရှိအချိန်၌ ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ တပည့်များအားလုံးသည် ဒူဘီတောင်ထိပ်၌ စုရုံးနေသော်လည်း ဆူညံသံကြားရမည့်အစား အလွန်တရာကို တိတ်ဆိတ်နေသည်။
      စည်းချက်မညီစွာ အဆုံးမရှိသည့် သက်ပြင်းလေးလေးရှိုက်သံများသာကြားနေရသည်။
      ရှိနေကြသော ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ တပည့်များအတွက် ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ သစ္စာဖောက်ဟွမ်ကျီမှတစ်ပါး ရောက်လာကြသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ လူများကြားထဲတွင် သူတို့ယှဉ်နိုင်သူ တစ်ယောက်မျှမရှိပေ။ သူတို့ မယှဉ်နိုင်ရုံသာမက ကြယ်ဓားခုနှစ်လကိဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်အများစုပင်မယှဉ်နိုင်ပေ။။
     ဟွမ်ကျီမှတစ်ပါး ရှိနေကြသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ အဖွဲ့၀င်များသည် ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်များဖြစ်သည်။
      သူတို့ထဲမှ အားအနည်းဆုံးဖြစ်သည့် နတ်ဆိုးသားရဲတိမ်ပျံကြိုးကြာပင် ဟင်းလင်းပြင်အစကျိုးခြင်းအဆင့်လေးဖြစ်သည်။

      “ဂိုဏ်းချုပ်လင်းဟူ… အကြီးအကဲရွှမ်က မဖြစ်နိုင်ဘူးတဲ့ ဂိုဏ်းချုပ်ကော အဲလိုပဲထင်တာလား"
     မူရင်းဆုံစည်းဂိုဏ်းချုပ် လူရွမ် လင်းဟုကျင်းဟုန်ကို  စူးရှသော မျက်လုံးများဖြင့် ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်၌ နတ်ဆိုးဆန်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

     လူရွမ်၏ စကားဆုံးသည်နှင့် သွမ့်လင်းထျန်အပါအ၀င် လူအားလုံးလင်းဟူကျင်းဟုန်ကို ကြည့်လိုက်ကြသည်။

       “တကယ်လို့ ကြယ်ဓားခုနှစ်လက်ဂိုဏ်းရှင်သန်ရင် ငါလင်းဟူကျင်းဟုန်လည်း အသက်ရှင်မယ်…တကယ်လို့ ကြယ်ဓားခုနှစ်လက်ဂိုဏ်းမရှိတော့ရင် ငါအသက်ရှင်နေရင်တောင် ငါ လင်းဟူကျင်းဟုန် သေပစ်မယ်"
     လင်းဟူကျင်းဟုန် သူ၏ ရပ်တည်ချက်ကိုဖော်ပြလိုက်သည်။

     အကယ်၍ ကြယ်ဓားခုနှစ်လက်ဂိုဏ်းသည် ဘေးကင်းမှုအတွက် အညံ့ခံပြီး မိုးပြာတောအုပ်စတုဂိုဏ်းအဖြစ်ပေါင်းစည်းလိုက်ပါက အသက်ရှင်နိုင်သော်လည်း သေခြင်းနှင့် မထူးပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now