၁၆၁ - ၁၆၅

203 21 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၆၁)ယွီကလန်  

     “လာ…သောက်ကြစို့"
    သွမ့်လင်းထျန် သူ့ခွက်ကိုမြှောက်၍ သူ၏ အတွေးရိုင်းများကို ထိန်းချုပ်လိုက်သည်။
     “ကံကြမ္မာအတိုင်းပဲပေါ့"

     သူတို့အုပ်စုသည် ဆက်လက်၍ စားသောက်ကာ ‌တစ်နေ့ခင်းလုံး စကားပြောပြီးနောက် နောက်ဆုံး၌ စားသောက်ဆိုင်မှ ထွက်လာခဲ့က့သည်။

    သူတို့ လမ်းမခွဲခင်တွင် သွမ့်လင်းထျန် ရှောင်ယွီကို ပြောလိုက်သည်။
    “ရှောင်ယွီ ငါမင်းကို အင်ပါယာမြို့မှာ စောင့်နေမယ်"

     “အပြောမစောသေးနဲ့ဦး…ငါတို့ အရုဏ်ဦးမြို့ကနေ အင်ပါယာမြို့ကို သွားတာ တစ်လမ်းပဲရှိတယ်...ငါမင်းကို အမီ မလိုက်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ"
    ရှောင်ယွီ အပြုံးဖြင့် ပြောလိုက်၏။

    တစ်ခဏတွေးပြီးနောက် သွမ့်လင်းထျန်သည်လည်း ထိုသို့ ခံစားလိုက်ရသည်။ သူ မြင်းရထားနှင့် သွားစဉ်တွင် ရှောင်ယွီသည် မြင်းနှင့် ဒုန်းစိုင်းနှင်လာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားမှ အမြန်နှုန်းမှာ လုံး၀မနှိုင်းယှဉ်သာပေ။

    “ဒီလိုဆိုလည်း မင်း အမီလိုက်လာတာကို ငါစောင့်နေမယ်"
    သွမ့်လင်းထျန် ရယ်မောလိုက်ပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် ကုန်သွယ်ရေးဈေးကွက်သို့ နောက်တစ်ခေါက်သွားကာ မူတိုးမြှင့်ခြင်းဆေးလုံး‌ဖော်စပ်ရန်အတွက် ဆေးပစ္စည်းများ ၀ယ်၍ အိမ်သို့ ပြန်လာခဲ့သည်။

    လမ်းတွင် သွမ့်လင်းထျန်သည် မမျှော်လင့်ထားသည့် ကျွမ်း၀င်သော လူတစ်ယောက်နှင့် တွေ့ခဲ့ရသည်။

    “သွမ့်…သွမ့်လင်းထျန်"
   လီရှီရှီသည် သွမ့်လင်းထျန်ကို အနည်းငယ် ရှောင်တိမ်းလိုဟန်ဖြင့် ကြည့်နေသည်။
   
    “မတွေ့တာ ကြာပြီ"
   သွမ့်လင်းထျန် လီရှီရှီကို ပြုံးပြလိုက်သည်။ သူသည် ယခင်က လီရှီရှီ၏ လုပ်ရပ်ကို သဘောမကျသော်လည်း သူနှင့် လီရှီရှီနှင့် အကြားတွင် အစကတည်းက မည်သည့်ခံစားချက်မျှ မရှိပေ။ ထို့ကြောင့် သူသည် ၎င်းကို လျစ်လျူရှုထားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now