၄၁၁ - ၄၁၅

198 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၁၁)ငရဲဓားသိုင်း

     ဝူယုံချမ်သည် ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်ပြီး မူလအူတိုင်အဆင့်ကိုးသိုင်းပညာရှင်ဖြစ်သည်။
    သူ၏ စွမ်းအား အပြည့်အဝြဖင့် သူသည် ရှေးဟောင်းအမွေးရှည်ဆင်တစ်ရာ့နှစ်ဆယ်၏ ခွန်အားကို ထုတ်ဖော်နိုင်သည်။

     ယခု၌ အဆင့်ခြောက်ဝိညာဉ်လက်နက်ဓား ဆောင်းဦးရေကို မှီခိုလိုက်သည့်အခါ ....
      ဝူယုံချမ်၏ အထက်၌ ရှေးဟောင်းအမွေးရှည်ဆင်အရိပ်တစ်ရာခြောက်ဆယ့်လေးခုသိပ်သည်းလာသည်။
      အဆင့်ခြောက်ဝိညာဉ်လက်နက်ဓားဆောင်းဦးရေသည် ဝူယုံချန်ကို ရှေးဟောင်းအမွေးရှည်ဆင်လေးဆယ့်လေးကောင်၏ ခွန်အားပိုတိုးပေးခဲ့သည်။

     “သုံးဆယ့်ခုနှစ်ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်စွမ်းရှိတဲ့ အဆင့်ခြောက်ဝိညာဉ်လက်နက်လား…"
     သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်၌ အထင်သေးမှုတစ်စွန်းတစ်စဖြစ်ပေါ်လာသည်။ ထို့နောက် ရုတ်တရက် သူ၏ လက်ထဲမှ အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓား တုန်ခါသွားသည်။

     ဝှစ်…

     တစ်ချိန်တည်းမှာပင် မူလစွမ်းအင်များ ခုန်ထွက်လာပြီး အစက သွမ့်လင်းထျန်၏ အထက်၌ သိပ်သည်းနေသော ရှေးဟောင်းအမွေးရှည်ဆင်အရိပ်တစ်ရာတစ်ဆယ့်အပြင် ရုတ်တရက် သူ၏ အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓားပေါ်မှ မူလစွမ်းအင်များ လူးလွန့်လာပြီး ရှေးဟောင်းအမွေးရှည်ဆင်အရိပ်တစ်ရာလေးဆယ်ဖြစ်သွားသည်။

      ရှေးဟောင်းအမွေးရှည်ဆင်တစ်ရာလေးဆယ်၏ ခွန်အား…

      “မူလအူတိုင်အဆင့်ရှစ်"
    ယခု သွမ့်လင်းထျန် ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားသည် အဝေး၌ ရပ်နေသော ဝူတာအိုကို အလွန်အံ့အားသင့်သွားစေခဲ့သည်။ သွမ့်လင်းထျန်သည် သူ၏ အဆင့်ခုနှစ်ဝိညာဉ်လက်နက်ကို အသုံးပြု၍ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာစွမ်းအားအား ထုတ်ဖော်နိုင်ခြင်းမှာ သူ၏ မူလအူတိုင်အဆင့်ရှစ်သိုင်းအဆင့်ကြောင့်ဖြစ်ကြောင်းကို ဝူတာအို တွက်ဆနိုင်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now