၃၃၆ - ၃၄၀

180 18 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၃၆)ကျင့်ကြံခြင်းနေရာကို သိမ်းပိုက်ခြင်း

   ဘန်း…

   ရှီရန်၏ ခန္ဓာကိုယ်သည် မြားတစ်စင်းပမာ လွင့်ထွက်သွားပြီး မြေပေါ်သို့ ပစ်ကျသွားသည်။ ထို့နောက် သူမ သွေးတစ်လုတ်အန်ထုတ်လိုက်သည်။

    “အား"
    ရှီရန်၏ ကျီးကန်းကဲ့သို့ ခပ်စူးစူးအသံသည် ကြားရသူတိုင်းအား မနှစ်မြို့နိုင်အောင် နားကို ထိုးခွင်းနေသည်။

     နောက်ပိုင်း၌ သူမ ရုန်းကန်ကာ မတ်တတ်ရပ်လိုက်ပြီး သူမ၏ တြိဂံမျက်လုံးများဖြင့် သွမ့်လင်းထျန်ကို စူးရဲစွာ ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲ၌ သိပ်သည်းသော အမုန်းတရားများနှင့် စိတ်ဓာတ်ကျဆင်းမှုများ ပြည့်နှက်နေသည်။
      “နင်…နင်ငါ့ရဲ့ ဒန်တျန်ကို ဖျက်ဆီးပစ်တယ်ပေါ့…နင် ငါ့ရဲ့ ဒန်တျန်ကို တကယ်ဖျက်ဆီးပစ်တယ်ပေါ့…ငါနင့်ကို ခွင့်မလွှတ်ဘူး…ငါနင့်ကို ဘုံး၀ခွင့်မလွှတ်ဘူး"
     ခက်ထန်သော စကားအနည်းငယ်ပြောပြီးနောက် ရှီရန်သည် သူမ၏ ဒန်တျန်ကို ကိုင်ကာ သူမ၏ အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓားကို ကောက်ယူ၍ ချိုင့်ဝှမ်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

      ရှီရန်၏ ခြိမ်းခြောက်မှုအား ကြားချိန်၌ သွမ့်လင်းထျန်၏ မျက်နှာ နက်မှောင်သွားပြီး သူ၏ နှလုံးသားထဲ၌ သတ်ဖြတ်ချင်စိတ်‌တစ်ခု ပေါ်ပေါက်လာသည်။
   သူ၏ အမြင်အရ ယခု သူ ရှီရန်ကို သတ်လိုက်လျှင်ပင် အလောင်းဖျောက်ပြီး သဲလွန်စများကို သုတ်သင်ပယ်ရှင်းသ၍ သူနှင့် မိန်းကလေးနှစ်ယောက်ကို မည်သူမျှ သံသယရှိလိမ့်မည်မဟုတ်ချေ။

    ဤရှီရန်သည် မူလအူတိုင်အဆင့်လေး အပြင်စည်းတပည့်တစ်‌ယောက်ဖြစ်ပြီး သူတို့သုံးယောက်သည် မနေ့ကမှ ကြယ်ဓားခုနှစ်လက်ဂိုဏ်းထဲသို့ ၀င်လာသည့် အပြင်စည်းတပည့်များဖြစ်ကြသည်။

    အခြားသူများ၏ မျက်လုံးထဲတွင် သူတို့ သုံးယောက် ရှီရန်ကို သတ်ရန်မှာ မဖြစ်နိုင်ပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now