၃၅၆ - ၃၆၀

147 21 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၅၆)သွမ့်လင်းထျန်၏ တောင်းဆိုမှု

    သို့သော်လည်း ယွမ်ဝူသည် ကျောက်လင်၏ မေးခွန်းကိုကြားချိန်၌ သူ့ကို အပြစ်ပေးတော့မည်ဟု ထင်လိုက်သည်။
     “အကြီးအကဲကျောက်လင်…ကျုပ်မှားသွားပါတယ်…အစောပိုင်းက သွမ့်လင်းထျန်က အကြီးအကဲကျောက်လင်ရဲ့ဟာဆိုတာ ကျုပ်မသိခဲ့ပါဘူး…ကျုပ်…"

    “သွမ့်လင်းထျန်က ဘာငါ့ဟာလဲ"
    ကျောက်လင်၏ မျက်နှာထား နက်မှောင်သွားပြီး ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
      “မင်းက အဲဒီပေါက်တတ်ကရ ကောလဟာလတွေကို ယုံနေတာလား"

       ယွမ်ဝူ အလွန်အံ့အားသင့်သွားသည်။ ကျောက်လင် အလွန်ဒေါသထွက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

      “ဟန့်"
     ကျောက်လင် ယွမ်ဝူကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။
     “မင်းငါ့ကို စိတ်ပူနေတယ်ဆိုရင် မင်းအဲဒါကို မေ့လိုက်တော့…ငါနဲ့ သွမ့်လင်းထျန်နဲ့ ကြားမှာ ဘာပတ်သက်မှုမှ မရှိဘူး…သူသေရှင်ရှင် ငါနဲ့ ဘာမှမဆိုင်ဘူး…တကယ်လို့ သွမ့်လင်းထျန်က မင်းနဲ့ ငြိုးမပြေနိုင်တဲ့ ရန်ငြှိုးရှိတယ်ဆိုရင် မင်းသူ့ကို ဆက်ပြီးတော့ သေခြင်းရှင်ခြင်းနယ်ပယ်ကို ဖိတ်ခေါ်နိုင်တယ်…မက်ဂရက်တောင်ရဲ့ သေခြင်းရှင်ခြင်းနယ်ပယ်က သွေးမလွှမ်းတာ တော်တော်ကြာသွားပြီ…ငါတကယ်ကြည့်ချင်တယ်"

     ဗွမ်း…

     ကျောက်လင်၏ စကားသည် တည်ငြိမ်သော ရေကန်ထဲ ကျောက်တုံးပစ်ချလိုက်သည့်ပမာ လှိုင်းဂယက်ပေါင်းထောင်ချီထသွားသည်။

    မက်ဂရက်တောင်၏ ပွဲကြည့်တပည့်များအားလုံး အလွန်အံ့အားသင့်သွားသည်

    “အကြီးအကဲကျောက်လင်က သွမ့်လင်းထျန်နဲ့ တကယ်ဘာပတ်သက်မှုမှ မရှိဘူးလား"

     “အဓိပ္ပာယ်မရှိလိုက်တာ…အကြီးအကဲကျောက်လင် ပြောပြီးပြီးလေ…သွမ့်လင်းထျန် သေသေရှင်ရှင် သူနဲ့ ဘာမှမဆိုင်ဘူးတဲ့…သူတို့က ဘယ်လိုလုပ် ပတ်သက်မှုရှိမှာလဲ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now