၅၂၁ - ၅၂၅

171 16 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၂၁)ကောက်ကျစ်သောမြေခွေးအိုကြီး     

      “သွမ့်လင်းထျန်"
     ရုတ်တရက် ကျောက်ယွီ၏စကားဆုံးသည့်နောက် ကျောက်ယွီသူ့အား မျက်နှာငယ်ဖြင့် ကြည့်လိုက်ကြောင်းကို သွမ့်လင်းထျန် သတိပြုမိလိုက်သည်။
       “အဲဒီနေ့က မင်းကို ဘယ်သူဖြစ်ကြောင်းငါအတည်မပြုနိုင်ခဲ့ဘူး…ဒါကြောင့်မလို့ ငါမကောင်းတဲ့စကားတချို့ပြောခဲ့တယ်…မင်းအဲဒါကိုဗွေမယူဖို့ ငါမျှော်လင့်ပါတယ်"
  
      “အကြီးအကဲကျောက်ယွီ…အဲဒါတွေ ပြောမနေပါနဲ့တော့"
     ကျောက်ယွီ၏ အလွန်ယဉ်ကျေးပုံအားမြင်သောအခါ သွမ့်လင်းထျန်အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

     ကျောက်ယွီသည် သူ့သားကဲ့သို့ ဆိုးရွာပုံမရပေ ။
       ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်အနေဖြင့် သူသည် အတွင်းစည်းတပည့်တစ်ယောက်ကို ဦးနှိမ့်ပြီးတောင်းပန်ရန် ဆန္ဒရှိသည်။  ထိုသို့ လုပ်နိုင်ရန်ခဲယဉ်းသည်။

     “သားမိုက်…လမ်းမှာ ငါဘာပြောခဲ့လဲဆိုတာ မေ့နေတာလား…မင်းမတောင်းပန်သေးဘူးလား"
     မကြာခင်၌ ကျောက်ယွီသည် ကျောက်လေကို ဒေါသအနည်းငယ်ဖြင့် ကြည့်လိုက်ကြောင်းအား သွမ့်လင်းထျန် တွေ့လိုက်ရသည်။

      ကျောက်လေ အသက်ပြင်းပြင်းရှူကာ သွမ့်လင်းထျန်ကိုကြည့်ပြီးနောက် ခေါင်းငုံ့လိုက်သည်။
      “သွမ့်လင်းထျန်…ပြီးခဲ့တဲ့ကိစ္စက ငါ့အမှားပါ…ငါအဲဒီလိုမျိုးမလုပ်ခဲ့သင့်ဘူး…အဲဒီနောက်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကလည်း ငါ့ကြောင့်ပါပဲ…နောက်ကျရင် ငါမင်းကို ပြဿနာမရှာတော့ပါဘူး…မင်းလည်း ကျေအေးပေးမယ်လို့ မျှော်လင့်ပါတယ်"

     ကျောက်လေ၏ စကားကိုကြားသောအခါ သွမ့်လင်းထျန်လုံးဝြကက်သေသေသွားသည်။
      သူပထမဆုံးတွေးလိုက်သည့်အရာမှာ ကျောက်ယွီသည် ကျောက်လေကို ထိုသို့ပြောရန် အတင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
     သို့သော်လည်း မည်သို့ပင်ဖြစ်စေကာမူ ကျောက်လေ ထိုစကားများပြောသောကြောင့် သူ၏ အမှားများကို အနည်းငယ်နားလည်ကြောင်း သံသယမရှိစရာ မလိုပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now