၆၄၆ - ၆၅၀

153 17 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၄၆)လက်စားချေခြင်း

       “လျှိုယွဲ့နဲ့ မင်းတို့သုံးယောက်က အဲဒီနေ့က ငါ့ကြယ်ဓားခုနှစ်လက်ဂိုဏ်းက တပည့်တွေကို သတ်ခဲ့တဲ့အတွက် ငါတို့ ကြယ်ဓားခုနှစ်လက်ဂိုဏ်းက မင်းတို့အပေါ် သွေးကြွေးတွေ အများကြီးတင်နေတယ်…ဒီနေ့ အကြွေးပြန်ဆပ်ရမဲ့အချိန်ပဲ"
     သွမ့်လင်းထျန် လျှိုယွဲ့တို့လူစုကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။
     သူ၏ စကားထဲ၌ ခံစားချက်တစ်စုံတစ်ရာ မပါ၀င်ပေ။
      သို့သော်လည်း မည်သူမဆို သွမ့်လင်းထျန်ဆီမှ သတ်ဖြတ်ချင်စိတ်ကို ခံစားနိုင်သည်။

       သွမ့်လင်းထျန်၏ ကြောက်မက်ဖွယ်ရာသတ်ဖြတ်ချင်စိတ် လျှိုယွဲ့တို့လူစုကို  လွှမ်းခြုံသွားသောအခါ သူတို့၏ မျက်နှာဖြူဖျော့သွားသည်။
     သွမ့်လင်းထျန်၏ သတ်ဖြတ်ချင်စိတ်ထဲ၌ သူ့ယခင်ဘ၀၏ အလုပ်မှရသော သွေးဆာမှုများ ပါ၀င်သည်။
      လျှိုယွဲ့တို့လူစု မည်ကဲ့သို့တောင့်ခံနိုင်ပါမည်နည်း…

     “သွမ့်…သွမ့်လင်းထျန် ငါတို့က ဖီးနစ်နဂါးကျောင်းရဲ့ အတွေ့အကြုံတာ၀န်ဆောင်ရွက်နေတယ်ဆိုတာ မမေ့နဲ့…ငါတို့နောက်မှာ ငါတို့အမှတ်တွေကို မှတ်တမ်းတင်ခဲ့တဲ့ လူရှိတယ်…နင်ငါတို့ကို သတ်မယ်ဆို ကျောင်းက ခွင့်လွှတ်မှာမဟုတ်ဘူး"
     လျှိုယွဲ့ အသက်ပြင်းပြင်းရှူလိုက်သည် ။ သူမ၏ နှလုံး အလွန်လျင်မြန်စွာဖြင့် ခုန်လှုပ်နေခြင်းကို သူမ ခံစားနိုင်သည်။

       “ဟုတ်လား"
      သွမ့်လင်းထျန် ရယ်မောလိုက်သည်။
     “ကျောင်းက ငါ့ကိုခွင့်မလွှတ်ဘူးဆိုတာ နင်သေချာလား"

     သွမ့်လင်းထျန်၏ စကားသည် လျှိုယွဲ့တို့ လူစုကို ကယောင်ချောက်ချားဖြစ်သွားစေသည်။

      ချက်ချင်းပင် သွမ့်လင်းထျန် တိုက်ခိုက်လိုက်သည်။

     မိုးသက်မုန်တိုင်းလက်ချောင်း…
     သွမ့်လင်းထျန် သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်ချိန်၌ မူလစွမ်းအင်များဖြင့် လက်ချောင်းတစ်ခု သိပ်သည်းလာပြီး ရှေ့သို့ တိုး၀င်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now