၆၄၁ - ၆၄၅

154 16 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၄၁)သတ်ဖြတ်ခြင်း

     န၀မဓားပြခေါင်းဆောင်၏ စကားကိုကြားချိန်တွင် သွမ့်လင်းထျန်၏ နှုတ်ခမ်းထောင့်၌ အေးစက်မှုများ ပေါ်ပေါက်လာသည်။

     သုံးရက်အတွင်းအဆင့်တက်မှာလား…
   တစ်နည်းဆိုရပါက ထိုန၀မဓားပြခေါင်းဆောင်သည် ဟင်လင်းပြင်ထိစပ်ခြင်းအဆင့်တစ်သာရှိသေးသည်။
    သွမ့်လင်းထျန် သူ၏ စိတ်စွမ်းအားကို ဆန့်ထုတ်လိုက်စဉ်၌ ချိုင့်ဝှမ်းထဲမှ ဓားပြအရေအတွက်ကို သိလိုက်သည်။
     စုစုပေါင်းလူသုံးဆယ်ကျော်ဖြစ်ပြီး သူတို့ထဲတွင် န၀မခေါင်းဆောင်မှာ အသန်မာဆုံးဖြစ်သည်။
       ထိုလူသုံးဆယ်ကျော်ထဲ၌ န၀မခေါင်းဆောင်တစ်ယောက်တည်းသာ ဟင်လင်းပြင်ထိစပ်ခြင်းအဆင့်တစ်သိုင်းပညာရှင်ဖြစ်သည်။

      ဝှစ်....

      သူတို့ကို လေ့လာပြီးနောက် သွမ့်လင်းထျန် သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ရာ ဓားပြများရှေ့ လုံးလုံးလျားလျား ပေါ်လာသည်။

      ဆန့်ကျင်ဘက်အနေဖြင့် ဓားပြအုပ်သည် ရုတ်တရက် ချိုင့်ဝှမ်းထဲတွင် ထွက်ပေါ်လာသည့် လူတစ်ယောက်ကိုမြင်သောအခါ လူရွယ်တစ်ယောက်ဖြစ်သည့်တိုင် သူတို့အားလုံး အံ့ဩသွားသည်။

      “ကောင်လေး မင်းဘယ်ကလာတာလဲ"
     ဓားပြတစ်ယောက် သွမ့်လင်းထျန်ကို ကြည့်ကာ စူးရဲသောအသံဖြင့် မေးလိုက်သည်။

      “သူက လေနက်တောင်ရိုးမှာ လာကစားရင်း လမ်းပျောက်သွားတဲ့ သခင်လေးတစ်ယောက် ဖြစ်လိမ့်မယ်"
      ဓားပြအချို့ သွမ့်လင်းထျန်၏ ပခုံးပေါ်မှ ရွှေကြွက်လေးကို သတိထားမိချိန်၌ ၎င်းကို အိမ်မွေးကြွက်တစ်ကောင်ဟုသာ ထင်လိုက်ပြီး ရယ်လိုက်ကြသည်။

       “အဘိုးကြီး၀မ်…ခင်ဗျားဒီလိုရုပ်ချောပြီး အသားအရည်နူးညံ့ဖြူစင်တဲ့ သခင်လေးတစ်ယောက်ကို ကြိုက်တယ်မလား…ဒီသခင်လေးက သူကိုယ်တိုင် ငါတို့ရှေ့ရောက်လာတာဆိုတော့ ခင်ဗျားမြည်းကြည့်သင့်တယ်မလား"
     ဓားပြတစ်ယောက် နောက်ထပ် ရုပ်ကြမ်းကြမ်းနှင့် ဓားပြတစ်ယောက်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now