၁၂၆ - ၁၃၀

217 20 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၂၆)ကံကြမ္မာ

    “ဟေး…အစ်ကိုတို့ ကျုပ်တို့အတွက်ပါ ဒုက္ခခံပြီး တန်းစီပေးထားတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်…နေ့လယ်စာကို ကျုပ်ရှင်းပါမယ်"
    
    ထိုအချိန်၌ သွမ့်လင်းထျန်သည် လူတန်းကြီး၏ ရှေ့သို့ ရောက်ကာ မီးခိုးရောင်အဝတ်အစားနှင့် လူငယ်၏ ကျောကုန်းကို လက်နှင့် ရိုက်လိုက်သည်။
  
    “ဘယ်မိမစစ် ဖမစစ်ကောင်က ငါ့ကိုလာထိ…"
     မီးခိုးရောင်အဝတ်အစားနှင့် လူငယ် ဒေါသထွက်စွာဖြင့် အော်လိုက်သော်လည်း သွမ့်လင်းထျန်ကို မြင်သည့်အခါ သူ ပြောတော့မည်စကားများကို ပြန်လည်မျိုချလိုက်သည်။
    “မင်း…မင်း…"

    “အစ်ကိုတို့…နေရာဦးပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်"
    သွမ့်လင်းထျန်၏ မျက်လုံးများ မှေးစင်းသွားပြီး မီးခိုးရောင်အဝတ်အစားနှင့် လူငယ်၏ စကားကို ကြားဖြတ်လိုက်သည်။

    ထို့နောက် သူသည် အခြားလူငယ်သုံးယောက်ကို ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ ဖော်ရွေပုံ ရသော်လည်း သွမ့်လင်းထျန်၏ မျက်လုံးထဲ၌ ခြိမ်းခြောက်သည့် အရိပ်အယောင်တစ်စွန်းတစ်စထွက်ပေါ်နေသည်။
    ထိုလူငယ်လေးယောက်သည် မနေ့ညက စားသောက်ဆိုင်တွင် သွမ့်လင်းထျန်သင်ခန်းစာပေးခဲ့သည့် လူငယ်လေးယောက်ပင် ဖြစ်သည်။

    ယခုမှသာ မန်ချွမ်နှင့် ရှောင်ယွီတို့ နားလည်သွားပြီး သူတို့၏ စိတ်ထဲ၌ သွမ့်လင်းထျန်ကို လက်မထောင်ပြလိုက်သည်။
    ဤသို့ဖြင့် သွမ့်လင်းထျန်တို့ အဖွဲ့သည် အောင်အောင်မြင်မြင်တန်းစီထားသည့် လူများကို ကျော်ဖြတ်နိုင်ခဲ့သည်။
     မီးခိုးရောင်အဝတ်အစားနှင့် လူငယ်၏တုံ့ပြန်မှုအားမြင်တွေ့ရသည့်အခါ သွမ့်လင်းထျန်နှင့် သူတို့သည် တကယ့်အပေါင်းအဖော်များ ဖြစ်သည်ဟု တန်းစီသော လူများ ထင်သွားကြသည်။
      မနေ့ညက စားသောက်ဆိုင်တွင် တိုက်ဆိုင်စွာ ရှိနေခဲ့ပြီး သွမ့်လင်းထျန်နှင့် မီးခိုးရောင်အဝတ်အစားနှင့် လူငယ်ကို သိရှိကြသည့် လူအချို့ ရှိပေသည်။
     သို့သော်လည်း သူတို့သည် စကားတစ်လုံးမျှ မပြောခဲ့ပေ။
    သူတို့အားလုံးသည် သွမ့်လင်းထျန်၏ စွမ်းအားကို တွေ့မြင်ခဲ့ရကာ သူတို့ ဒုက္ခရောက်မည်ကို ကြောက်ကြပေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now