၇၆၆ - ၇၇၀

172 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၆၆)ကိုးဒုက္ခဓားထိန်းနည်းစနစ်…

     သွမ့်လင်းထျန်သည် ခေါင်းခါယမ်းကာ အဝေးသို့ ပျံ့လွင့်သွားသော သူ့စိတ်ကို ပြန်လည်စုစည်းလိုက်သည်။

     “ကြည့်ရတာ ဒီအရိုးစုက အဲဒီဓားသိုင်းဘုရင်ချန်ထားခဲ့တဲ့ ရတနာဖြစ်ရမယ်…သူဘယ်လိုအမွေအနှစ်များ ချန်ထားခဲ့မလဲမသိဘူး"
     သွမ့်လင်းထျန်သည် သူ့ရှေ့က အဖြူရောင်အ၀တ်အစားနှင့် အရိုးစုကို ကြည့်ပြီးနောက် ပတ်၀န်းကျင်ကို စစ်ဆေးလိုက်သော်လည်း တခြားမည်သည့်အရာမျှ သတိမထားမိပေ။
       သိုင်းဘုရင်၏ လက်ပေါ်တွင် ကွက်လပ်လက်စွပ်တစ်ကွင်းမျှ မရှိပေ။

     “ကွက်လပ်လက်စွပ်က ဘယ်မှာလဲဟ…"
    သွမ့်လင်းထျန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူသည် ထိုသိုင်းဘုရင်၏ ကွက်လပ်လက်စွပ်ကို စိတ်၀င်စားနေသည်။ သိုင်းဘုရင်၏ ကွက်လပ်လက်စွပ်ထဲတွင် သေချာပေါက် ပစ္စည်းကောင်းများစွာရှိလိမ့်မည်။
     သို့သော်လည်း သွမ့်လင်းထျန် ကျယ်ပြောသော ဂူတစ်ဝိုက်ရှာဖွေလိုက်သော်လည်း သူသည် သိုင်းဘုရင်ချန်ထားခဲ့သည့် ကွက်လပ်လက်စွပ်ကို လုံး၀ရှာမတွေ့ပေ။
     ချက်ချင်းပင် သွမ့်လင်းထျန် အနည်းငယ်စိတ်ပျက်သွားသည်။

      “အဲဒီလူက ငါ့ကိုနောက်နေတာတော့မဟုတ်ဘူးမလား"
    သွမ့်လင်းထျန်သည် သိုင်းဘုရင်အရိုးစုရှေ့တွင်ရပ်ကာခေါင်းယမ်းလိုက်သည်။
     “ဒါမှမဟုတ် သူ့ပေါ်မှာများလား"
       သွမ့်လင်းထျန်သည် သူ၏ လက်ကိုဆန့်ထုတ်ကာ သိုင်းဘုရင်အရိုးစု၏ အဖြူရောင်အ၀တ်အစားများကိုဖွင့်၍ စစ်ဆေးလိုက်သည်။
     သို့သော်လည်း ကွက်လပ်လက်စွပ် ရှာမတွေ့ပေ။
     ကျောက်စိမ်းစလစ်သာတွေ့ရသည်။
     ကျောက်စိမ်းစလစ်မှ ခပ်ဖျော့ဖျော့အစိမ်းရောင်အလင်းတစ်ခုလက်သွားသည်။ ၎င်းသည် အသံပို့လွှတ်ခြင်းကျောက်စိမ်းစလစ်ထက် အများကြီး အဆင့်မြင့်ပုံရသည်။

    ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များကို စစ်ဆေးပြီးနောက် သွမ့်လင်းထျန် ထိုအရာကို သိရှိလိုက်သည်။
       “မှတ်ဉာဏ်ကျောက်စိမ်းစလစ်"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now