အပိုင်း ၃၁ - ၃၅

323 27 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၃၁)မိုးကြိုးမီးလျှံမှော်ကမ္ပည်း

     “ ဖက်တီးစုတ်...မင်းက ငါ့ကို ခြိမ်းခြောက်ရဲတယ်လား "
    သွမ့်လင်းထျန်၏ မျက်လုံးများ အေးစက်သွားသည်။

    ဝတုတ်လေးသည် ကြောက်ရွံ့သွားကာ  နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
    “ အာ...အာစရိ...ငါ မှားသွားပါတယ်...ငါ မှားသွားပါတယ်"

    “ ရပြီ "
    သွမ့်လင်းထျန်သည် ဤ ဖက်တီးလေးနှင့်စကားပြောကာ စိတ်အနှောက်အယှက် မဖြစ်ချင်ဝောာ့ပေ။

    သွမ့်လင်းထျန်သည် သူ၏ လက်ချောင်းမှ ‌ကြေးနီလက်စွပ်ကိုချွတ်ကာ ဖက်တီးလေးကို ကြည့်လိုက်သည်။
    “ ဒီ လက်စွပ်ကိုယူလိုက် မင်းရဲ့လက်စွပ်ကို ငါ့ပြန်ပေး "

    ဝတုတ်လေး ကြောင်အမ်းအမ်း ဖြစ်သွားသည်။
   သူသည် သွမ့်လင်းထျန်၏ လက်ထဲမှ ကြေးနီလက်စွပ်ကို ကြည့်လိုက်ပြီးနောက် သူ၏ လက်မမှ ရွှေလက်စွပ်ကို ပြန်ကြည့်လိုက်သည်။ သူသည် နာကျင်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
   “ အာစရိ...ဒါက မနှစ်ကမှ ငါ့အဖိုး မွေးနေ့လက်ဆောင်ပေးထားတာပါ... "

   “ မင်း ငါ ပြောတဲ့အတိုင်း လုပ်မှာလား မလုပ်ဘူးလား...မင်း မလုပ်ဘူး ဆိုရင်လည်း ပြန်တော့ "
   သွမ့်လင်းထျန် အသံ ခပ်အုပ်အုပ်ဖြင့် အော်လိုက်သည်။ ထို့နောက် သူ လှည့်ထွက်ရန် ပြင်လိုက်သည်။

   ဝတုတ်လေးမှာ လိမ္မာပါးနပ်သူဖြစ်သဖြင့် အနည်းငယ် ရိပ်မိသွားသည်။ သူသည် ချက်ချင်းပင် လက်များကို ဆန့်တန်း၍ အပြေးအလွှားဖြင့် သွမ့်လင်းထျန်ကိုကာကာ ပိတ်ဆို့လိုက်သည်။ ဝတုတ်လေးသည် အထာပေါက်စွာဖြင့် ရယ်မောလိုက်ပြီး
   “ အာစရိ...မင်းရဲ့ လက်ထဲက လက်စွပ်မှာ လျှို့ဝှက်ချက်တချို့ရှိတယ်မလား "

   သွမ့်လင်းထျန် ပြန်လည်တုံ့ပြန်လိုက်သည်။
  “  ဟန့်...ဒီ လက်စွပ်နဲ့ ဆိုရင် မင်း လီမင့်ကို စက္ကန့်အနည်းငယ်အတွင်း အနိုင်ယူဖို့ ပြဿနာမရှိဘူး...ဒါပေမယ့် မင်းက မင်းအဘိုးပေးထားတဲ့ လက်စွပ်ကို နှမြောနေမှတော့ ဒီကိစ္စကို ထားလိုက်တော့ "

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now