အပိုင်း ၃၆ - ၄၀

295 23 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၃၆)တိုက်ခိုက်မှု၏ ချောက်ကမ်းပါးတွင်

     နောက်တစ်နေ့ အရုဏ်ဦး၌...

     အရှေ့ကောင်းကင်မှ နံနက်ခင်းနေမင်း ထွက်ပေါ်လာပြီးနောက် ကမ္ဘာပေါ်မှ သက်ရှိအားလုံးမှာလည်း နိုးလာကြသည်။
     လူငယ်သည် ခရမ်းရောင် အဝတ်အစားတစ်ချို့ကို ဝတ်ဆင်လိုက်ပြီးနောက် ဓားအိမ်ကို ခါးပတ်ကဲ့သို့ ပတ်လိုက်သည်။ ပျော့ပြောင်းပါးလျသော ခရမ်းရောင်ဥက္ကာခဲဓားကို သူ၏ ဓားအိမ်ထဲထည့်လိုက်သည်။
     တစ်စုံတစ်ယောက်အတွက် တစ်ချက်ကြည့်ရုံဖြင့် သူ၏ ခါးပတ်၌ လျှို့ဝှက်ချက်ရှိသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။
     အခန်းတံခါးပွင့်သွားပြီး နွေးထွေးသော နေ‌ရောင်ခြည်ဝင်ရောက်လာသည်။ လူငယ်၏ မျက်လုံးများ မှေးစင်းသွားပြီး သန်းဝေလိုက်သည်။
    
     “ သခင်လေး "
     သူ၏ နားထဲ သာယာသော အသံတစ်သံ ဝင်ရောက်လာသည်။    
     လူငယ်၏ အကြည့်သည် သူ‌၏ရှေ့သို့ ရောက်ရှိလာသည့် သေးသွယ်လှပကာ တင့်တယ်ကျက်သရေရှိသော မိန်းမပျိုလေးပေါ်သို့ ကျရောက်သွားသည်။

     မိန်းကလေးသည် အစိမ်းရောင်အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူမ၏ ခါးပေါ်မှ သားရေခါးပတ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ဝတ်စားပုံမှာ လိုက်ဖက်တင့်တယ်နေသည်။
     မိန်းကလေး၏ ခါးပတ်သည် လူငယ်၏ ခါးပတ်နှင့် တူညီသော်လည်း ပို၍ ထူးခြားသေသပ်ကာ အမျိုးသမီးများအတွက် ပိုသင့်လျော်နေသည်။
    
     သွမ့်လင်းထျန်၏ လောင်ကျွမ်းသည့် အကြည့်များကို သတိပြုမိသွားသောအခါ မိန်းကလေး၏ နူးညံ့သောပါးပြင်နှစ်ဖက်မှာ ရဲတက်သွားသည်။
     “ သခင်လေး ဘာကို ကြည့်နေတာလဲ "
 
      သွမ့်လင်းထျန်သည် စဉ်းလဲသည့် မျက်နှာထားပုံစံ လုပ်လိုက်ပြီး
     “ အမှန်တော့ ငါ့ရဲ့ အလှလေးခူအယ်ကို ကြည့်နေတာပါ "

    “ သခင်လေး ခူအယ့်ကို ထပ်စနေပြန်ပြီ "
    မိန်းကလေး၏ မျက်နှာရှက်သွေးဖြန်းသွားပြီး မေးလိုက်သည်။
    “ သခင်လေး...အဒေါ်နဲ့ ကျွန်မက သခင်လေးအတွက် မနက်စာပြင်ပြီးသွားပါပြီ...မြန်မြန်သွားရအောင် "
   
     ထိုစကားများပြောပြီးနောက် သူမသည် သွမ့်လင်းထျန်ကို စားကောင်းသောက်ဖွယ်များပြည့်နေသည့် စားသောက်ခန်း(ထမင်းစားခန်း)သို့ ခေါ်ဆောင်လာသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now