၁၇၆ - ၁၈၀

195 20 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၇၆)အကျပ်အတည်း   

    ကျယ်ပြောသာ အခန်းထဲတွင် သွမ့်လင်းထျန်သည် နူးညံ့သော ကုတင်‌ပေါ်တွင် လဲလျောင်းရင်း မျက်နှာကြက်ကို ကြည့်နေသည်။
    ကျင့်လူ အစောပိုင်းကပြောခဲ့သည့်အရာသည် သူ့အား အိပ်မက်မှ နိုးထသွားစေခဲ့သည်။ သူ၏ ယခင်က စဉ်း‌စားတွေးခေါ်ပုံများသည် အလွန်နုံအသည်ဟု သူ ခံစားလိုက်ရသည်။
    သူ၏ ယခင်အတွေးများမှာ သူသည် အင်ပါယာမြို့ကို ရောက်ပြီးနောက် သွမ့်ကလန်သို့ တိုက်ရိုက်သွားကာ သွမ့်လင်းရှင်ကို စိန်ခေါ်၍ သတ်ပစ်ရန်ဖြစ်သည်။
    ဤနည်းအားဖြင့် သွမ့်ကလန်သည် ဆုံးရှုံးမှု ခံစားရသည့်တိုင် သူတို့၏ မကျေနပ်ချက်ကို ထုတ်ဖော်နိုင်စွမ်းမရှိပေ။
    သို့သော်လည်း ယခု၌ ဤကိစ္စသည် သူတွေးထားသကဲ့သို့ မလွယ်ကူဟု ထင်ရသည်။ အကယ်၍ သူသည် သွမ့်လင်းရှင်ကို မျှမျှတတနှင့် ယှဉ်ပြိုင်သတ်ဖြတ်ပါက သူသည် သွမ့်လုလေ၏ ရူးသွပ်သော လျှို့ဝှက်လက်စားချေမှုများကို ခံရလိမ့်မည်ဖြစ်သည်။
      သွမ့်ကလန်တွင် သွမ့်လုလေ၏ အဆင့်အတန်းသည် အလွန်မြင့်သောကြောင့် ၎င်းသည် အလွန်အန္တရာယ်များလိမ့်မည်ဖြစ်သည်။
     သူကိုယ်တိုင်ကြောက်ရွံ့ခြင်းမရှိ‌သော်လည်း သူသည် သူ့မိသားစု၏ ဘေးကင်းမှုကို စဉ်းစားရမည်ဖြစ်သည်။
  
     “ကြည့်ရတာ သွမ့်လင်းရှင်ကို လက်စားချေဖို့ ကိစ္စကို ဂရုတစိုက်အစီအစဉ်ဆွဲဖို့ လိုတာပဲ"
     သွမ့်လင်းထျန် အသက်ပြင်းပြင်းရှူပြီးနောက် သူ၏ မျက်လုံးများအား မှိတ်ကာ အခြေအနေကို ကိုင်တွယ်ရမည့်နည်းလမ်းအား စဉ်းစားလိုက်သည်။

     ရှုံချွမ်အပြင် သူ၏ ဘေး၌ သန်မာသော စပါးအုံးလေးနှစ်ကောင်သာ ရှိသည်။ အကယ်၍ စပါးအုံးလေးနှစ်ကောင် အလစ်အငိုက်တိုက်ခိုက်ပါက အခြေတည်ဝိညာဉ်အဆင့်ငါးသိုင်းပညာရှင်ကို သတ်ခြင်းမှာ ပြဿနာတစ်ခုမဟုတ်ပေ။ သို့သော်လည်း အကယ်၍ အခြေတည်ဝိညာဉ်အဆင့်ခြောက်ဆိုပါက ရှုံချွမ်နှင့် စပါးအုံးလေးနှစ်ကောင်ပူးပေါင်းလျှင်ပင် သူတို့ သူ့ကို သတ်နိုင်လိမ့်မည်မဟုတ်ပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now