၅၀၁ - ၅၀၅

184 16 2
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၀၁)ရွှေကြွက်လေး ကောင်းကင်ကပ်ဘေးကို ကျော်လွှားခြင်း

      “ဟွမ်ကျီလား"
    ချင်ရှန် ဟွမ်ကျီအကြောင်းပြောသည်ကို ကြားချိန်၌ သွမ့်လင်းထျန် မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်နှာ အနည်းငယ် မကြည်မသာဖြစ်သွားသည်။

     “ဘာဖြစ်လို့လဲ"
    ချင်ရှန် ထူးဆန်းစွာဖြင့် မေးလိုက်သည်။

     သွမ့်လင်းထျန် ခေါင်းခါယမ်းလိုက်ပြီးနောက် ကိစ္စရပ်များကို ဖြည်းလေးစွာရှင်းပြလိုက်သည်။

     သွမ့်လင်းထျန်၏ စကားဆုံးဆုံးချင်းမှာပင် ချင်ရှန်၏ မျက်နှာလုံး၀မှုန်မှိုင်းသွားသည်။

     ဝှစ်…

     ချင်ရှန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာဖိအားတစ်ခုထွက်ပေါ်လာပြီး ကြောက်စရာမကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားသည့်ပမာ ပတ်၀န်းကျင်ကို လွှမ်းခြုံသွားသည်။
    ၄သည် သွမ့်လင်းထျန်အပေါ် မည်သည့်ဖိအားမျှ မဖြစ်စေသည့်တိုင် သူ အနည်းငယ်တော့ တုန်လှုပ်သွားဆဲဖြစ်သည်။

     ချင်ရှန်၏ ခန္ဓာကိုယ်မှ ဖိအားထွက်ပေါ်လာချိန်၌ ၄သည် ခယ်ကျန်းထက်ပင် များစွာ သာလွန်ပြီး အကြီးအကဲဖန်းထက် မနိမ့်ကျကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

      “ဟွမ်ကျီ"
      ချင်ရှန် ကြောက်စရာကောင်းအောင်အေးစက်သော အသံဖြင့် ဖြည်းလေးစွာပြောလိုက်သည်။

      “ခူအယ်က သူ့အခန်းထဲမှာ ကျင့်ကြံနေတာနဲ့တူတယ်…အထဲ၀င်သွားပြီး စောင့်နေလိုက်"
      သွမ့်လင်းထျန်ကို ထိုစကားပြောပြီးသည်နှင့် ချင်ရှန်၏ ခန္ဓာကိုယ်သည် အဲကိတ်ခန်းမနှင့် သွမ့်လင်းထျန်၏ မျက်စိရှေ့မှ လှစ်ခနဲပျောက်သွားသည်။

     ချင်ရှန် ဂိုဏ်းချုပ်အား သွားတွေ့ခြင်းဖြစ်ကြောင်းကို သွမ့်လင်းထျန် နားလည်သည်။

    အဲကိတ်ခန်းမ…

     သွမ့်လင်းထျန်အတွက် ဤနေရာသို့ရောက်ဖူးခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ အလျင်အမြန်ပင် ခူအယ်၏ အခန်းကိုတွေ့ပြီး အထဲ၀င်သွားလိုက်သည်။
      သူအထဲဝင်ပြီးနောက် ခူအယ်သည် အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်ရာ ကျင့်ကြံနေကြောင်းတွေ့လိုက်ရသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now